ကမ္ဘောဒီးယား နိုင်ငံတွင် ရောက်ရှိ နေသော
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီနှင့်မြန်မာ သမ္မတ ဦးသိန်းစိန်တို့ ယနေ့ (၁၃
ရက်နေ့) တွင် တွေ့ဆုံရန် ရှိ ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဌာနမှ အဆင့်မြင့်
အရာရှိ ကြီးတစ်ဦးက ဖနွမ်းပင်တွင် သတင်းထောက်များကို ပြောကြား သည်။
အဆိုပါ တွေ့ဆုံမှုသည် မြန်မာနိုင်ငံတွင်း စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်ရန် အမေရိကန် လုပ်ငန်းများကို ခွင့်ပြုအပြီး ၂ရက်ခန့် အကြာတွင် တွေ့ဆုံခြင်းဖြစ်သည်။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ၏ သမိုင်းဝင် မြန်မာနိုင်ငံ ခရီးစဉ် အပြီး ယခုတစ်ကြိမ်သည် ဒုတိယအကြိမ် တွေ့ဆုံခြင်း ဖြစ်သည်။
ဖနွမ်းပင် ရောက်ရှိနေသော ဟီလာရီ သည် ယနေ့ နံနက်တွင် ဆီရမ်ယိသို့ ထွက်ခွာလိမ့်မည် ဟု သတင်း ထပ်မံ ရရှိသည်။ သမ္မတဦးသိန်းစိန်နှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်တို့ ကမ္ဘော္ဘဒီးယားနိုင်ငံ ဆီယမ်ရိမြို့တွင် တွေ့ဆုံရန် ရှိပြီး နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ဒဏ်ခတ် မှုများ လျှော့ချသည့်ကိစ္စ ဆွေးနွေးမည်ဟု သံတမန်ရပ်ကွက်ကို ကိုးကားပြီး AFP သတင်းက ရေး သားထားသည်။
အမေရိကန် အစိုးရဟာ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေထဲက တစ်ချို့ကို ဒီသ တင်းပတ်အတွင်းမှာ စတင်ရုပ်သိမ်းဖို့ ပြင်ဆင်နေပြီး၊ ပိတ်ဆို့မှုတွေထဲ က ရင်းနှီးမြှပ်နှံခွင့် နဲ့ ဘဏ်လုပ် ငန်းဆိုင်ရာ ကိစ္စတွေကို ခွင့်ပြုမည်ဟု သိရပါသည်။
ဒေါ်အောင်ဆန်းစုကြည်မှ ပိတ်ဆို့မှုများကို သတိဖြင့် ရုတ်သိမ်းရနန်နှင့် အစိုးရကို အကောင်းမမြင်ရန် အကြိမ်ကြိမ် သတိပေးထားသည့် ကြားကပင် အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံအပေါ် ၁၅ နှစ်ကြာ စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့ထားခြင်းကို ရုပ်သိမ်းလိုက်ပြီဟု အမေရိကန်အစိုးရက ဇူလိုင် ၁၁ ရက်နေ့က ကြေ ညာလိုက်သည်။
အမေရိကန် အစိုးရအနေဖြင့် မြန်မာနိုင်ငံတွင် ဒေါ်လာ ၅ သိန်း အထက် ရင်းနှီးမြှုပ်နှံလိုသည့် မည်သည့် ကုမ္ပဏီကို မဆို သဘောတူ စာချုပ်နှင့်တကွ ငွေကြေး စာရင်းဇယားများ ပွင့်လင်းစွာ ရှင်းလင်းချပြရမည်ဟု ပြဌာန်းလိုက်ပြီ ဖြစ်သည်။ သို့ရာတွင် မြန်မာ ကာကွယ်ရေးဝန်ကြီးဌာန၊ ယခင်စစ်အစိုးရနှင့် နီးစပ်သူ ထိပ်တန်း စီးပွားရေး သမားများအပေါ် ဆက်လက် ဒဏ်ခတ် ပိတ်ဆို့ထားမည်ဟု ပါရှိသည်။ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ တူးဖော်ရေး လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရန် ကိစ္စလည်းကို လိုက်လျောခဲ့သည်။
Myanmar Express
0 comments:
Post a Comment