Friday, July 13, 2012

အီရန်နိုင်ငံ၏စီးပွားရေးသည် ရေနံတင်ပို့ရောင်းချမှုအပေါ် မှီခိုနေရသည်မဟုတ်ဟုဆို

Posted by drmyochit Friday, July 13, 2012, under | No comments


အီရန်နိုင်ငံ၏စီးပွားရေးသည် ရေနံတင်ပို့ရောင်းချခြင်းအပေါ် လုံးလုံးလျားလျားမှီခိုအားထား နေရခြင်း မ ရှိကြောင်း အသစ်ခန့်လိုက်သောသြစတြီးယားနိုင်ငံဆိုင်ရာ အီရန်သံအမတ်ကြီး ဟာဆန်တာဂျစ်က ဇူလိုင် လ ၁၂ ရက်နေ့တွင် ထုတ်ဖော်ပြောကြားခဲ့သည်ဟု သိရှိရပါသည်။ ဥရောပနိုင်ငံများက အီရန်နိုင် ငံ၏ ရေနံတင်ပို့ ရောင်းချမှုနှင့် စီးပွားရေးအရေးယူပိတ်ဆို့မှုများကို အခြားစီးပွားရေးကဏ္ဍများဖြင့် အစား ထိုး နိုင်စွမ်းရှိကြောင်း ၎င်းကထပ်လောင်းပြောကြားခဲ့ပါသည်။ ရေနံတင်ပို့ရောင်းချခြင်းသည် အီရန်၏ အေ ရးပါသော အစိတ်အပိုင်း စီးပွားရေးဖြစ်သော်လည်း အားနည်းချက်တစ်ရပ်မဟုတ်ကြောင်း တာဂျစ် ကပြောကြားခဲ့ပါသည်။ အီရန်နိုင်ငံ၏ ၂၀၁၁ ခုနှစ် GDP မှာ အမေရိကန်ဒေါ်လာ ၉၃၀ ဘီလီ ယံရှိကြောင်း၊ နျူကလီးယားမပြန့်ပွားရေး သဘောတူ စာချုပ်ပါ မူဘောင်အတွင်းမှဆောင်ရွက်နေသည့် အီရန်နိုင်ငံ၏နျူကလီးယားဆိုင်ရာ အခွင့်အရေးများကို အသိအမှတ်ပြုမည်ဆိုပါက အနောက်နိုင်ငံ များနှင့်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း တာဂျစ်ကပြောကြား ခဲ့သည်ဟုသိရှိရပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်