Friday, July 13, 2012

အာဖဂန်ရှိ Kunduz ပြည်နယ်လုံခြုံရေးတာဝန်အား အာဖဂန်တပ်မတော်နှင့် ရဲတပ်ဖွဲ့မှ ပြန်လည်လွှဲပြောင်းလက်ခံခဲ့ခြင်း X

Posted by drmyochit Friday, July 13, 2012, under | No comments


 အာဖဂန်တပ်ဖွဲ့ဝင်များသည် ဇူလိုင်လ ၁၁ ရက်နေ့က Kunduz ပြည်နယ်မြောက်ပိုင်းရှိ နေတိုး ဦးဆောင်သော နိုင်ငံတကာလုံခြုံရေးအထောက်အကူပြုတပ်ဖွဲ့ (ISAF)ထံမှ လုံခြုံရေး တာဝန်များ အပြည့်အ၀ လွှဲပြောင်းလက်ခံခဲ့ကြောင်း သိရှိရပါသည်။ ယနေ့သည် Kanduz ပြည်နယ်အတွက် သမိုင်းဝင်သော အခါသမယဖြစ်ကြောင်း၊ အာဖဂန်တပ်မတော်နှင့် ရဲတပ်ဖွဲ့သည် နိုင်ငံ တကာ တပ်ဖွဲ့များထံမှ  Kunduz ပြည်နယ် ရှိ လုံခြုံရေးတာဝန်အား အပြည့်အ၀လွှဲပြောင်း ရယူခဲ့ေ ကြာင်း ပြည်နယ်မြို့တော် Kunduz  ၌ ပြုလုပ်သည့် တာဝန်လွှဲပြောင်းရေးအခမ်းအနားတွင် အာဖဂန်ပြည် ထဲရေးဝန်ကြီး Bismullah Mohammadi က ပြောကြား ခဲ့ပါသည်။ အာဖဂန်အစိုးရ၏ ရည်မှန်းချက်သည် ၂၀၁၄ ခုနှစ်အကုန်တွင် အာဖဂန်နစ်္စတန်နိုင်ငံ တစ်ဝန်းရှိ လုံခြုံရေးတာဝန်များအား အခက်အခဲ မရှိလက်ခံရန်ဖြစ်ကြောင်း အာဖဂန်ပြည်ထဲရေးဝန်ကြီးက ပြောကြားခဲ့ ပါသည်။ လာမည့် လများအ တွင်းပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တတိယအဆင့်ပြီးဆုံးချိန်တွင်အာဖဂန်အမျိုးသား လုံခြုံရေးတပ်ဖွဲ့ သည် နိုင်ငံ၏လုံခြုံရေးတာဝန် ၇၅ ရာခိုင်နှုန်းအား လက်ခံရယူသွားမည် ဖြစ်ကြောင်း ပြည်ထဲရေး ၀န်ကြီးက ထပ်လောင်းပြောကြားခဲ့ပါသည်။ ယခုပြုလုပ်သည့် လုံခြုံရေးတာဝန် လွှဲပြောင်းပေးအပ်မှု အခမ်းအနား တွင် အာဖဂန်ကြည်းတပ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီး Shir Mohammad Karimi ၊ ကုန် သွယ်ရေးနှင့် စက်မှုလုပ်ငန်း ၀န်ကြီး Anwar-ul-Haq Hadi Kunduz ပြည်နယ်အုပ်ချုပ်ရေးမှူး Mohammad Anwar Jegdalik နှင့် ဂျာမနီစစ်ဘက်အရာရှိအချို့ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။ တတိယအဆင့် အဖြစ် မေလ ၁၃ ရက်နေ့ တွင်လွှဲပြောင်းပေးအပ်ခဲ့ပြီး ဇူလိုင်လ ၃ ရက်နေ့တွင် ကပ်ပီ စာစီရင်စုအား လွှဲပြောင်း ပေးခဲ့ကြောင်း အာဖဂန်သမ္မတ ဟာမစ်ကာဇိုင်း က ကြေညာခဲ့ပါသည်။ ဂျာမနီတပ်ဖွဲ့ ၄,၇၀၀ ကျော်သည် Kunduz တွင် ISAF ၏အစီအစဉ်ဖြင့် တာဝန်ထမ်းဆောင် လျက်ရှိပါသည်။ အာဖဂန်တပ်မတော်နှင့် ရဲတပ်ဖွဲ့သို့ နေတိုးအဖွဲ့မှ ၂၀၁၁ခုနှစ် ဇူလိုင်လမှစတင် လွှဲပြောင်းပေးခဲ့ပြီး ၂၀၁၄ခုနှစ်တွင်ပြီးဆုံးမည်ဖြစ်ပါသည်။ အမေရိကန် သမ္မတ အိုဘားမား၏ အစီအစဉ်အရ ပြီးခဲ့သည့်နှစ်က အမေရိကန် တပ်သား ၁၀,၀၀၀အား ပြန်လည် ခေါ်ယူခဲ့ပြီး ယခုနှစ်တွင် တပ်ဖွဲ့ဝင် ၂၃,၀၀၀ ကိုထပ်မံပြန်လည်ခေါ်ယူသွားမည်ဖြစ်ပါသည်။
                                                                                                                      inhuanet.com;July-11(Wed)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်