Friday, July 13, 2012

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး လာအိုနိုင်ငံသို့ သမိုင်းဝင်အလည်အပတ်ခရီး သွားရောက်ခဲ့ခြင်း

Posted by drmyochit Friday, July 13, 2012, under | No comments


အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟီလာရီကလင်တန်သည် နှစ်နိုင်ငံဆက်ဆံရေးများ တိုးတက်ကောင်း မွန် စေရန်ရည်ရွယ်၍ လာအိုနိုင်ငံသို့ ဇူလိုင်လ ၁၁ ရက်နေ့က အလည်အပတ်သွားရောက်ခဲ့ကြောင်း Xinhua သတင်းတစ်ရပ်အရ သိရှိရပါသည်။ အဆိုပါခရီးစဉ်သည် ၁၉၅၅ ခုနှစ်မှစ၍ အမေ ရိကန်နိုင်ငံခြားရေးဝန်ကြီး၏ လာအိုနိုင်ငံသို့ ပထမဆုံး အကြိမ်လာရောက်သောခရီးစဉ်ဖြစ်ပါသည်။ ၄ နာရီကြာ အဆိုပါ အလည်အပတ် ခရီးစဉ်အတွင်း ဟီလာရီ ကလင်တန်သည် လာအိုနိုင်ငံခြားရေး ၀န်ကြီး သောင်လွန်ဆိုင်ဆိုလစ်နှင့်တွေ့ဆုံ ပြီးနောက် လာအိုဝန်ကြီးချုပ် သွန်ဆင်း သမာမောင်းနှင့်ေ တွ့ဆုံခဲ့ကြောင်း၊ နှစ်နိုင်ငံမိတ်ဖက်ဆက်ဆံရေးများ တိုးတက်ခိုင်မာအောင် ဆောင်ရွက်ရေး အတွက် ကတိပြုခဲ့ကြကြောင်း သိရှိရပါသည်။ ထို့အပြင် နှစ်နိုင်ငံအနေဖြင့် ဗီယက်နမ်စစ်ပွဲအတွင်း မပေါက်ကွဲသေးေ သာဗုံးများအားဖယ်ရှားရေးနှင့် စစ်အတွင်းကပျောက်ဆုံးသွားခဲ့သော အမေရိကန်စစ်သည်များအား ဆက် လက်ရှာဖွေရေးတို့အတွက်လည်း သဘောတူညီခဲ့ပါသည်။ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတို့အနေဖြင့် အာဆီယံဦးဆောင်သော ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုတွင် လာအိုနိုင်ငံ၏ အခန်းက ဏ္ဍနှင့် ထောင်စုနှစ်ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်များအတွက် ရှေ့ဆက်လုပ်ဆောင်မည့် လာအို နိုင်ငံ၏ လုပ်ငန်းစဉ်များနှင့်ပတ်သက်၍လည်း အဓိကထားဆွေးနွေးခဲ့ပါသည်။ အမေရိကန်အစိုးရသည် မပေါက် ကွဲ သေးသည့် ဗုံးများဖယ်ရှားရေးအတွက် ၁၉၉၃ ခုနှစ်မှစ၍ လာအိုနိုင်ငံထံသို့ အထောက်အပံ့ အကူအညီအဖြစ် အမေရိကန်ဒေါ်လာ ၆၈ သန်းပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်