Friday, July 13, 2012

စပိန်ဘဏ်သို့ ယူရိုငွေ ၁၀၀ ဘီလီယံထောက်ပံ့ပေးရန်သဘောတူညီခဲ့ခြင်း

Posted by drmyochit Friday, July 13, 2012, under | No comments


စပိန်နိုင်ငံ၏ ဘဏ္ဍာရေးလိုငွေပြမှုလျော့ကျစေရေးအတွက် ချေးငွေကို ၂၀၁၄ ခုနှစ်အထိ တစ်နှစ် ပိုမို ခွင့်ပြုရန်နှင့် စပိန်နိုင်ငံ၏ အကျပ်အတည်းဖြစ်ပေါ်နေသောဘဏ်များကို ကူညီရန်အတွက် ယခုလကုန် တွင် ယူရို ၃၀ ဘီလီယံ(အမေရိကန်ဒေါ်လာ ၃၇ ဘီလီယံ)ခွင့်ပြုရန် ဥရောပဘဏ္ဍာရေးဝန်ကြီးများက သဘော တူညီခဲ့ကြပါသည်။ ယူရိုငွေကြေးအသုံးပြုသော ၁၇ နိုင်ငံသည် ဇူလိုင်လလယ်၌ ငွေကြေးထောက်ပံ့ရန် စပိန်နိုင်ငံ နှင့်ပတ်သက်သည့် အကြောင်းအရာပါ နားလည်မှု သဘောတူစာချုပ်မူကြမ်းကို ၉ နာ ရီကျော်ကြာဆွေးနွေးခဲ့ပြီး နောက် သဘောတူညီခဲ့ကြကြောင်း ယူရိုဇုန်အကြီးအကဲ Jean- Claude Juncker က ပြောကြားခဲ့ပါသည်။ ယူရို ၁၀၀ ဘီလီယံအထိရှိသည့် ကယ်ဆယ်ရေးသဘောတူညီချက်အရ ယူရို ၃၀ ဘီလီယံကို ဇူလိုင်လကုန်တွင် အကျပ်အတည်းဖြစ်နေသည့် စပိန်ဘဏ်များသို့ ပထမ အသုတ် အဖြစ် ခွဲဝေသတ်မှတ်ပေးကြောင်း၊ ၎င်း ထောက်ပံ့ ငွေယူရို ၁၀၀ ဘီလီယံကို ၁၅ နှစ် အထိ နောက် ဆုံးထား၍ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း သိရှိရပါ သည်။ EU  မှ သတ်မှတ်ထားသည့် တစ်နှစ်အ တွင်း ပြည်သူ့လိုငွေပြမှုမှာ GDP ၏ ၃ ရာခိုင်နှုန်းသို့လျှော့ချမှုအား ၂၀၁၃ ခုနှစ်သို့ တိုးမြှင့်သတ် မှတ်ပေးရန် ဘဏ္ဍာရေးဝန်ကြီးမှ သဘောတူညီခဲ့ပါသည်။ နိုင်ငံ၏ budget အခြေအနေနှင့် ပိုမိုဆိုးရွား လာသည့်စီးပွားရေးအခြေအနေတို့အပေါ်မူတည်၍ သက်တမ်းတိုးပေးရခြင်းဖြစ်ပြီး  EUမှ သတ် မှတ် ပေးထားသည့် ပြည်သူ့ဘဏ္ဍာငွေ အတွင်း နိုင်ငံ၏ လိုအပ်ချက်အားလုံးကို အကောင်အ ထည် ဖော်ဆောင်ရွက် သွားရမည်ဖြစ်ပါသည်။ စပိန်နိုင်ငံအနေဖြင့် သတ်မှတ်ထားသည့် အချိန်ကာလ အတွင်း လိုငွေ ပြမှုအား ယခုနှစ် တွင် GDP ၏ ၆.၃ ရာခိုင်နှုန်းသို့လည်းကောင်း၊ ၂၀၁၃ခုနှစ်တွင် ၄.၅ ရာခိုင်နှုန်းသို့ လည်းကောင်း၊ ၂၀၁၄ခုနှစ် တွင် ၂.၈ ရာခိုင်နှုန်း သို့လည်းကောင်း ရောက်ရှိအောင်ဆောင် ရွက်သွားရမည်ဖြစ်ပါသည်။ သဘောတူညီချက် တွင် သတ်မှတ်ထားသောဘဏ်များအတွက် တိကျသော စည်းကမ်းချက်များကို သတ်မှတ်ပေးရမည် ဖြစ်ပြီး ဘဏ္ဍာရေးနှင့်ပတ်သက်သည့်ကဏ္ဍအားလုံးတွင်လည်း စနစ်တကျကြီးကြပ်သွားရမည်ဖြစ်ပါသည်။
                                                                                       Xinhuanet.com;July-10(Tue)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်