Friday, July 13, 2012

လွှတ်တော်သတင်းထောက်များ လွှတ်တော်တွင်းဝင်ရန် လက်ဗွေနှိပ်ရမည်

Posted by drmyochit Friday, July 13, 2012, under | No comments


Fromဖိုးကျော်

လာမည့်တနင်္လာနေ့တွင် ပြုလုပ်မည့် လွှတ်တော်အစည်းအဝေးများမှစတင်ကာ လွှတ်တော်တွင် သတင်းရ ယူမည့် သတင်းထောက်များအားလုံး လက်ဗွေနှိပ်၍ လွှတ်တော် အဆောက်အဦများအတွင်းသို့ဝင်ရောက် သတင်းရခြင်းပြုရမည်ဖြစ်သည်။

ယခင်က လွှတ်တော်တွင်း သတင်းထောက်များ သတင်းယူရန် ၀င်ရာတွင် မိမိတို့၏ ၀န်ထမ်းကဒ် မှတ်ပုံတင် သို့မဟုတ် အသိအမှတ်ပြုကတ် တစ်ခုခုအားပေး၍ ၀င်ခွင့်ကတ်နှင့်လဲလှယ် ၀င်ရောက် သတင်းယူရသော်လည်း လက်ဗွေစနစ်စတင်ချိန်တွင် မိမိတို့ထံမှကတ်များပေး ရန်မလိုတော့ကြောင်း သိရသည်။

လက်ဗွေစတင်နှိပ်ရမည့် တနင်္လာနေ့တွင် သတင်းထောက်များသည် မိမိတို့၏ လက်ဗွေအား သုံးခါနှိပ်၍ လက်ဗွေအမှတ်အသားရယူမည်ဖြစ်ကြောင်းသိရသည်။

လက်ရှိတွင် လွှတ်တော်တွင်း သတင်းယူရန်အတွက် စာရင်းပေးသွင်းထားသည့် ပြည်တွင်း/ပြည်ပ သတင်း စာများနှင့် တီဗီအစီအစဉ်များမှ သတင်းထောက်များမှာ အယောက် ၈၀ ကျော်ရှိပြီး ပုံမှန်နေ့များတွင် တက် ရောက်သတင်းယူသူမှာ ဆယ်ဦးခန့်ရှိ၍ ထူးခြားသည့်နေ့များတွင် သတင်းရယူသူ များပြားသည်။


                                                                                                    Myanmar Express

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်