Friday, July 13, 2012

၂၀၁၃ ခုနှစ် အာရှဆိုင်ရာ ကမ္ဘာ့စီးပွားရေးဖိုရမ်ကို မြန်မာနိုင်ငံတွင် ကျင်းပမည်

Posted by drmyochit Friday, July 13, 2012, under | No comments


 


အရှေ့အာရှဆိုင်ရာ ကမ္ဘာ့စီးပွားရေး ဖိုရမ် WEF ၂၀၁၃ ကို မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း WEF ၏ တည်ထောင်သူနှင့် အမှုဆောင်ဥက္ကဋ္ဌဖြစ်သူ Klaus Schwab အွန်လိုင်းသတင်းဌာနသို့ ပြောကြားသွားသည်။ ထိုင်းနိုင်ငံ ဘန်ကောက်တွင် ကျင်းပပြု လုပ်ခဲ့ သည့် ယခုနှစ် ကမ္ဘာ့စီးပွားရေးဖိုရမ် အပြီးတွင် ၎င်းကို မြန်မာနိုင်ငံ စွမ်းအင် ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးက မြန်မာနိုင်ငံတွင် စီးပွားရေးဖိုရမ် လာရောက်ြ ပုလုပ်ရန် ဖိတ်ကြားချက်ကို လက်ခံရရှိခဲ့ရာ ၎င်းကလက်ခံခဲ့သည်ဟု ဆိုသည်။ ပြည်ထောင်စု ၀န်ကြီး ဦးသန်းဌေးက မြန်မာနိုင်ငံ၏ အခြေခံအဆောက်အဦနှင့် အနေအထားမှာ လာမည့်နှစ် တွင် ကမ္ဘာ့စီးပွားရေးဖိုရမ် လက်ခံကျင်းပရန် အဆင်သင့်ဖြစ်နေပြီဟု ဆိုသည်။ ယခုနှစ်အတွက် ကမ္ဘာ့ စီးပွားရေး ဖိုရမ်တွင် “ဆက်သွယ်မှုများမှတစ်ဆင့် ဒေသ၏အနာဂတ်ကို ပုံဖော်ခြင်း” အမည်ရှိခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံ အကြောင်းကို အဓိကထား ဆွေးနွေးခဲ့သည်ဟု သိရသည်။ ၀န်ကြီးက နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများသည် လူထုအတွက် အခြေခံလူထု ၀န်ဆောင် မှုများ ရရှိစေခြင်း၊ လူနေမှုအဆင့်၊ အခြေခံအဆောက်အဦနှင့် လူမှုဆိုင်ရာ ညီမျှမှုတို့ကို မြှင့်တင်ပေးခြင်းတို့အတွက် ရည်ရွယ်သည်ဟု ပြောကြားခဲ့သေးသည်။ WEF ၏ တည်ထောင်သူ Schwab က မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်ခဲ့သော သိသာထင်ရှားသည့် တိုးတက် မှုများကို အသိအမှတ်ပြုသော်လည်း လုပ်ဆောင်စရာများစွာ ကျန်နေေ သးကြောင်း ဖြည့် စွက်ပြောကြားခဲ့သည်။ မြန်မာနိုင်ငံသည် ၂၀၁၄ ခုနှစ် အာဆီယံနိုင်ငံများ ထိပ် သီး အစည်း အဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပရန်လည်း စီစဉ်ထားကြောင်း သတင်းရ ရှိသည်။

                                                                                                           Myanmar Express

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်