Friday, July 13, 2012

အင်ဒိုနီးရှားနှင့် ဂျာမနီတို့သည်နှစ်နိုင်ငံကုန်သွယ်မှု ၂၀၁၂ ခုနှစ်တွင် ၁၂ဘီလီယံအထိတိုးမြှင့်မည်ဟု ပြောကြား

Posted by drmyochit Friday, July 13, 2012, under | No comments



အခြေခံအဆောက်အဦ များတည်ဆောက်မှုသည် မိမိနိုင်ငံအတွက် များစွာအကျိုး ရှိကြောင်းနှင့် ၎င်းလုပ် ငန်း များအတွက် ပူးပေါင်းလုပ်ဆောင်သွားရန် ကမ်းလှမ်းမှုများဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၀န်ကြီးချုပ် မာကဲက ပြောကြားခဲ့ပါသည်။ စက်မှုလုပ်ငန်းကဏ္ဍ၊ ပညာရေးကဏ္ဍနှင့် သုတေသနလုပ်ငန်းများ အပြင် အခြား ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အင်ဒိုနီးရှား သမ္မတ မှ ပြောကြားခဲ့ပါသည်။ အင်ဒိုနီးရှားနိုင်ငံအတွက် ဂျာမနီမှ Leopard တင့်ကားအစီး ၁၀၀ ၀ယ်ယူခဲ့ ပြီး ယခုနှစ် အောက်တိုဘာလ ၅ ရက်နေ့မတိုင်မီ အင်ဒိုနီးရှားသို့ရောက်ရှိမည်ဖြစ်ပါသည်။ ၂၀၁၁ခုနှစ်တွင် အင်ဒိုနီးရှား နိုင်ငံသည် ဂျာမနီ၏ ဒဿမမြောက်ရင်းနှီးမြှုပ်နှံခဲ့သည့်နိုင်ငံဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁၅၈.၁ သန်းရှိခဲ့ပါသည်။ အင်ဒိုနီးရှားနိုင်ငံသို့ ဂျာမနီနိုင်ငံမှ အဓိကတင်သွင်းသည့်ကုန်ပစ္စည်းများမှာ စက်ပစ်္စည်းများ၊ ဆက်သွယ်ရေး နည်းပညာများ၊ ဓာတုပစ္စည်းများ၊ လျှပ်စစ် ပစ္စည်း များဖြစ် ပြီး ပြန်လည်ထုတ်လုပ်ဖြန့်ဖြူးသည့် ပစ္စည်းများမှာ လျှပ်စစ်အစိတ်အပိုင်းဆက်စပ်ပစ္စည်းများ၊ သတ္တူ များ၊ မော်တော် ယာဉ်များနှင့် ဆေးဝါးပစ္စည်း များဖြစ်ပါသည်။ အင်ဒိုနီးရှားမှ ဂျာမနီသို့ အဓိက တင်ပို့သည့် ကုန်ပစ္စည်းများမှာ ဟင်းသီးဟင်းရွက်ဆီနှင့် အဆီများ၊ စိုက်ပျိုးရေး ထွက်ကုန်များ၊ လျှပ်စစ် ပစ္စည်း အစိတ် အပိုင်းများ၊ အထည်အလိပ်များ၊ ဖိနပ်နှင့် သတ္တူရိုင်းများဖြစ်ပါသည်။


                                                                                           Xinhuanet.com;July-10(Tue)


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်