Friday, July 13, 2012

ဂျပန်ကင်းလှည့်ရေယာဉ်များသည် Senkaku ကျွန်းအနီး တရုတ်ကင်းလှည့်ရေယာဉ်များအားတွေ့ရှိ

Posted by drmyochit Friday, July 13, 2012, under | No comments


တရုတ်ကင်းလှည့်ရေယာဉ် ၃ စင်းသည် ဇူလိုင်လ ၁၁ ရက်နေ့ နံနက်ပိုင်းက တောင်တရုတ် ပင်လယ် အတွင်း Senkaku ကျွန်းများအနီးရှိ ဂျပန်ရေပိုင်နက် အတွင်းသို့ ၀င်ရောက်ခဲ့ကြောင်း ဂျပန် ကမ်းခြေ စောင့်တပ်ဖွဲ့က ပြောကြားခဲ့ပါသည်။ ဂျပန်ကမ်းခြေစောင့်ကင်းလှည့်ရေယာဉ်တစ်စင်းသည် ဂျပန်စံတော်ချိန် နံနက် ၄ နာရီ ၃၀ မိနစ်မှ ၅ နာရီအတွင်း ဂျပန်ရေပိုင်နက်အတွင်း အဆိုပါ တရုတ်သင်္ဘော ၃ စင်းအား တွေ့ရှိ ခဲ့ခြင်းဖြစ်ပါသည်။ ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့က အဆိုပါ တရုတ်သင်္ဘောများအား ဂျပန် ရေပိုင်နက်မှထွက်ခွာ သွားရန် ဆက်သွယ်ရေးစက် များဖြင့် သတိေ ပးခဲ့သော် လည်း ၎င်းတို့သည် တာဝန်အရကင်းလှည့်နေခြင်းဖြစ် ကြောင်း တရုတ် သင်္ဘော များက ပြန်လည်ဖြေကြားခဲ့ပါသည်။ တရုတ် သင်္ဘော ၃ စင်းမှာ နံနက် ၈ နာရီ ၃၀ မိနစ် တွင် ဂျပန်ရေ ပိုင်နက်မှ ထွက်ခွာသွားခဲ့သော်လည်း ဂျပန် ကမ်းခြေစောင့်တပ်ဖွဲ့သည် အနီးကပ် စောင့် ကြည့် နေခဲ့ပါသည်။ တရုတ်နှင့် ထိုင်ဝမ်တို့ တောင်းဆိုနေသော Senkaku ကျွန်းများသည် ဂျပန်နိုင်ငံက ထိန်းချုပ်ထား သောကျွန်းများဖြစ်ပါသည်။ ဇွန်လ ၂၆ ရက်နေ့ကလည်း ထိုင်ဝမ် ကင်းလှည့်ရေယာဉ် ၁ စင်းသည် ဂျပန်ရေပိုင် နက်အတွင်းသို့ ၀င်ရောက်ခဲ့ကြောင်းသိရှိရပါသည်။ ဂျပန်အစိုးရက ကျွန်း အချို့အားဝယ်ယူ၍ နိုင်ငံပိုင် ပြုလုပ်သွားမည်ဟု ပြီးခဲ့သည့်သီတင်းပတ်က သတင်းထုတ်ြ ပန်ခဲ့ရာတရုတ်နှင့် ထိုင်ဝမ်တို့က ကန့်ကွက်ခဲ့ပါ သည်။ ဇူလိုင်လ ၁၁ ရက်နေ့ကျူးကျော်ဝင်ရောက်မှုသည် တရုတ်တို့၏ ဒုတိယအကြိမ်မြောက်ဖြစ်ကြောင်း၊ ယခင်မတ်လကလည်း တရုတ်ရေကြောင်း အာဏာ ပိုင်သင်္ဘောတစ်စီးဝင်ရောက်ခဲ့ပါသည်။ ထိုင်ဝမ်ကင်းလှည့် ရေယာဉ်တစ်စီးသည်လည်း ဇွန်လ ၂၆ ရက်ေ န့က ဂျပန်ပိုင်နက်သို့ဝင်ရောက်ခဲ့ကြောင်း၊ ဇူလိုင်လ ၄ရက် နေ့ကလည်း လှုပ်ရှားရေးဝါဒီများ တင်ဆောင် လာသည့် ထိုင်ဝမ်သင်္ဘောတစ်စီးသည် ကင်းလှည့်ရေယာဉ် ၄စီး နှင့်အတူ ၀င်ရောက်လာခဲ့ပါသည်။
                                                                                                                                   NHK.com;July-11(Wed)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်