Friday, July 13, 2012

ဆီးရီးယားလေတပ်စစ်ရေးလေ့ကျင့်

Posted by drmyochit Friday, July 13, 2012, under | No comments

ဆီးရီးယားလေတပ်မှဦးဆောင်သည့် စစ်ဘက်လေ့ကျင့်ခန်းတွင် တိုက်ခိုက်ရေးလေယာဉ်များပါဝင် ခဲ့ေ ကြာင်း Sana သတင်းဌာနမှ ဇူလိုင်လ ၁၁ ရက်နေ့တွင် ကြေညာခဲ့ပါသည်။ အမှန်တကယ်စစ်ပွဲအသွင် သဏ္ဌာန်ဖန်တီး၍စစ်ရေးလေ့ကျင့်ခန်းများကို ဇူလိုင်လ ၁၀ ရက်နေ့မှ ယခုသီတင်းပတ်အကုန်ထိ ဆက်လက် ပြုလုပ်သွားမည်ဖြစ်ကြောင်း Sana သတင်းဌာနမှ ပြောကြားခဲ့ပါသည်။ စစ်ရေးေ လ့ ကျင့်ခန်းအတွင်း ရန်သူ့ ပစ်မှတ်များကို လေကြောင်းမှဗုံးကြဲဖျက်ဆီးစဉ် တိုက်ခိုက်ရေးရ ဟတ်ယာဉ် များမှလည်း လေကြောင်း ပစ်ခတ်မှု များဖြင့်အကူအညီပေးခဲ့ပြီး ဂျက်တိုက်ေ လယာဉ် များကလည်း တန်ပြန်လေကြောင်းတိုက်ခိုက်မှု စွမ်းဆောင်ရည် များပြသခဲ့ကြောင်း၊ ရန်သူ့နောက်ပိုင်း သို့ လေေ ကြာင်းမှ ဆင်းသက်ချပေးမှုများ ဆောင်ရွက် ခဲ့ကြောင်း Sana သတင်းဌာ နမှ ပြော ကြားခဲ့ပါသည်။ ဆီးရီးယားစစ်ဘက်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ်ကြီး Fahd Jassem al-Freij သည် ၄င်းစစ်ရေးေ လ့ကျင့်ခန်းကိုတက်ရောက်ခဲ့ပြီး လေတပ်စစ်သည်များ၏ မြင့်မြတ်သောစိတ်ဓာတ်နှင့် အောင်မြင်စွာလု ပ်ဆောင်နိုင် မှုတို့ကို ချီးကျူးခဲ့ကြောင်း အဆိုပါသတင်းဌာနမှ ပြောကြားခဲ့ပါသည်။  ဆီးရီး ယား နိုင်ငံ သည် ရေတပ်ဆိုင်ရာစစ်ရေးလေ့ကျင့်ခန်းများကို ယခုသီတင်းပတ်အကုန်တွင် ဆက် လက်ြ ပုလုပ် သွားမည် ဖြစ်ကြောင်း၊ အဆိုပါလေ့ကျင့်ခန်းတွင် ကုန်းပိုင်းအခြေစိုက် စခန်းများ အကူအညီနှ င့်အတူ သင်္ဘောများမှ ဒုံးကျည်များပစ်လွှတ်ခြင်းများပါဝင်မည်ဖြစ်ပြီး ပင်လယ်အတွင်း တန်ပြန်တွန်းလှန် တိုက် ခိုက်ရေးအား ထပ်မံ လေ့ကျင့်ဆန်းစစ်သွားရန် ရည်ရွယ်ထားကြောင်း သိရှိရပါသည်။
                                                                                                                     RIA Novosti.com;July-11(Wed)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်