Friday, July 13, 2012

ရုရှားနိုင်ငံသည် WTO သို့ ၀င်ခွင့်ရရှိခြင်း

Posted by drmyochit Friday, July 13, 2012, under | No comments


၁၉ နှစ်ကြာ စေ့စပ်ညှိနှိုင်းမှုများပြုလုပ်ခဲ့ပြီးနောက်တွင် ရုရှားနိုင်ငံသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(World Trade Organization - WTO) သို့ ၀င်ရောက်ရန် ပါလီမန်၏အတည်ပြုချက်ရရှိခဲ့ပါသည်။ WTO သို့ ၀င်ရောက်မည့် အဆိုပြုချက်အား ရုရှားအောက်လွှတ်တော်က ဇူလိုင်လ ၁၀ ရက်နေ့တွင် အတည်ပြုလက် မှတ် ရေးထိုးခဲ့ပြီး အထက်လွှတ်တော်က ဇူလိုင်လ ၂၃ ရက်နေ့တွင် အတည်ပြုလက်မှတ်ရေးထိုးမည် ဟု မျှော်လင့်ထားပါသည်။ လွှတ်တော်နှစ်ရပ် စလုံးအတည်ပြုလက်မှတ်ေ ရးထိုးပြီးနောက် သမ္မတဗလာဒီ မာပူတင် မှ လက်မှတ်ရေးထိုးသွား မည်ဖြစ်ပါသည်။ အတည်ပြုလက်မှတ်ရေးထိုးပြီးပါက ရုရှားနိုင်ငံသည် လာမည့်လ အစောပိုင်းမှစ၍ WTO နှင့်ပူးပေါင်းဆောင်ရွက်ခွင့်ရရှိမည်ဖြစ်ပါသည်။ ရုရှားနိုင်ငံသည် ၎င်း၏ WTO အဖွဲ့ဝင် ဖြစ်ရေးကြိုးပမ်းမှုအား ၁၉၉၃ ခုနှစ်အတွင်းက ပထမဆုံးအကြိမ်အဆိုတင်သွင်းခဲ့ပါသည်။ သို့သော်လည်း စိုက်ပျိုးရေး၊ စွမ်းအင်နှင့် အခြားသောစက်မှုလုပ်ငန်းများနှင့် ပတ်သက်၍ အမေရိကန်၊ ဥရောပသမဂ္ဂတို့နှင့်ဖြစ်ပွားခဲ့သော ကုန်သွယ်ရေး အငြင်းပွားမှုများသည် ရုရှားနိုင်ငံ၏ WTO သို့ဝင်ရောက် ခွင့်အား အဟန့်အတား ဖြစ်စေခဲ့ပါသည်။ ၂၀၀၈ခုနှစ် ဂျော်ဂျီယာနှင့် စစ်ဖြစ်ပွားခြင်းသည်လည်း အခြေခံ အကြောင်းရင်းတစ်ခုဖြစ်ပါသည်။ ရုရှားနိုင်ငံသည် WTO တွင် ၀င်ရောက်ခွင့်ရရှိလျှင် ၎င်းတို့၏ စီးပွားရေး လုပ်ငန်းများအတွက် ရင်းနှီး မြှုပ်နှံမှုများတိုးမြှင့်ရေးနှင့် ကုန်သွယ်မှုများ ချဲ့ထွင်ရေးအား ဦးဆောင် သွားမည်ဟု အခြားနိုင်ငံများက မျှော်လင့်ထားကြကြောင်း သိရှိရပါသည်။ ရုရှား နိုင်ငံအနေဖြင့် WTO သို့ဝင်ရောက်ပြီးပါက ၎င်း၏သွင်းကုန်အခွန် ကောက်ခံနေသည့် လက်ရှိနှုန်းထား ၁၀.၃ ရာခိုင်နှုန်းအား ၇.၁ ရာခိုင်နှုန်းသို့ လျှော့ချပေးရမည်ဖြစ်ပါသည်။
                                                                                                            NHK.com;July-11(Wed)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်