Friday, July 13, 2012

ယီမင်ရဲတက္ကသိုလ်ရှေ့တွင်အသေခံဗုံးခွဲမှုကြောင့် သင်တန်းသား ၂၀ ဦးကျော်သေဆုံးခဲ့ခြင်း

Posted by drmyochit Friday, July 13, 2012, under | No comments



ယီမင်နိုင်ငံမြို့တော် ဆာနာရှိ ယီမင်ရဲတက္ကသိုလ်ရှေ့တွင် ဇူလိုင်လ ၁၁ ရက်နေ့က လူထုအကြား အေ သခံဗုံးခွဲမှုတစ်ရပ်ဖြစ်ပွားခဲ့ကြောင်း ယီမင်လုံခြုံရေးအရာရှိတစ်ဦးက ဆင်ဟွာသတင်း ဌာန သို့ ပြော ကြားခဲ့ ပါသည်။ ရဲတက္ကသိုလ်မှ သင်တန်းသား ၂၀ ဦးကျော်သေဆုံးခဲ့ပြီး အမြောက် အမြားဒဏ် ရာရ ရှိခဲ့ကြောင်း အမည် မဖော်လိုသူ လုံခြုံရေးအရာရှိက ပြောကြားခဲ့ပါသည်။ အသေခံဗုံးခွဲသမားသည် သင်တန်း သားများ အပြင် ထွက်နေစဉ် တက်္ကသိုလ်၏၀င်ပေါက်ရှေ့တွင် ကားဗုံးတစ် ခုဖြင့်ဖောက် ခွဲမှုပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း အခြားသော ရဲသတင်းအရင်းအမြစ်တစ်ခုက ဆင်ဟွာသတင်း ဌာ နသို့ ပြောကြားခဲ့ပါသည်။  ယီမင်နိုင်ငံအတွင်းရှိ အယ်လ်ကိုင် ဒါများအား ချေမှုန်းရန်ကတိပေးခဲ့သူ ယီမင် သမ္မတ Abdrabuh Mansur Hadi ရာထူးရသွားချိန်မှစ၍ ယခုဗုံးကွဲမှုသည် မြို့တော်ဆာနာတွင် ဒုတိယသေဆုံးမှုအများဆုံးဖြစ်ပွားမှုတစ်ရပ်ဖြစ်ပါသည်။ မေလ ၂၁ ရက်နေ့ကလည်း ယီမင်စစ်သည် တစ်ဦးသည် ယူနီဖောင်းအောက်တွင် ဗုံးအပြည့်အစုံထည့်၍ တပ်ရင်းရှိ စစ်သည်များအလယ်တွင် အသေ ခံဖောက်ခွဲခဲ့ရာ တပ်သား ၁၀၀ ကျော်သေဆုံး၍ ၃၀၀ ကျော်ခန့်ဒဏ်ရာ ရရှိခဲ့ပြီး အယ်လ်ကိုင်ဒါက ၎င်းတို့နောက်ကွယ်မှ ကြိုးကိုင်ခဲ့ကြောင်း ဖော်ထုတ်ပြောကြားခဲ့ပါသည်။ အယ်လ်ကိုင်ဒါ ဘာသာေ ရးစစ်သွေးကြွများသည် တောင်ပိုင်းနှင့် အရှေ့ပိုင်းရှိစီရင်စုများအား တစ်နှစ်ကြာသိမ်းပိုက်ထားခဲ့ရာ လွန်ခဲ့ သည်လများက ယီမင်တပ်မတော်မှ ၎င်းစစ်သွေးကြွများအား တစ်လကြာအောင် ထိုးစစ် ဆင်တိုက်ခိုက် ခဲ့ပြီး ဇွန်လ ၂၃ ရက်နေ့တွင် အယ်လ်ကိုင်ဒါ၏နောက်ဆုံးအခြေစိုက်စခန်းအား သိမ်းပိုက်နိုင်ခဲ့ပါသည်။ ၎င်း နောက်ပိုင်းတွင် အယ်လ်ကိုင်ဒါမှ လက်စားချေတိုက် ခိုက်နေခြင်ြး ဖစ်ပါသည်။ တောင်ပိုင်းရှိစစ်သွေးကြွ များအား ဦးဆောင် ခဲ့ခဲ့ပြီး ဇွန်လ ၂၃ ရက်နေ့ တွင် အယ်လ် ကိုင်ဒါ၏နောက်ဆုံးအခြေစိုက်စခန်းအား သိမ်းပိုက်နိုင်ခဲ့ပါသည်။ ၎င်းနောက်ပိုင်း တွင် အယ်လ် ကိုင်ဒါမှလက်စားချေတိုက်ခိုက်နေခြင်းဖြစ်ပါသည်။ တောင်ပိုင်းရှိစစ်သွေးကြွ များအား ဦးဆောင် တိုက် ခိုက်ခဲ့သည့် ယီမင်တပ်မတော်မှ ဗိုလ်ချုပ် ဆလမ်အလီကိုတမ်အား လွန်ခဲ့သည့် လနောက်ပိုင်း၌ အယ်လ်ကိုင်ဒါ suicide bomber မှလုပ်ကြံသတ်ဖြတ်ခဲ့ပါသည်။ အယ်လ်ကိုင်ဒါတို့သည် မြို့များမှ ထွက်ပြေးရာတွင်မိုင်းများ အားထောင်ထားခဲ့သဖြင့်  ပြည်သူအသက်ပေါင်း ဒါဇင်နှင့်ချီ၍ သေဆုံးခဲ့ရ ပါသည်။
                                                                                                                     Xinhuanet.com;July-11(Wed)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်