Thursday, August 02, 2012

Aleppo မြို့တွင် ဗြိတိန်အမျိုးသမီးတစ်ဦးသည်နိုင်ငံခြားသတင်းထောက် အယောင်ဆောင်လျက်ရှိခြင်း

Posted by drmyochit Thursday, August 02, 2012, under | No comments

Press TV.com;July-30(Mon)
            ဆီးရီးယား နိုင်ငံ Aleppo  မြို့တွင် ဗြိတိန် အမျိုးသမီး တစ်ဦးသည် သတင်းသမား အသွင်ယူ၍ ဗြိတိန် သူလျှို အဖြစ် လုပ်ကိုင်လျက် ရှိကြောင်း ဆီးရီးယား သတင်းများက ဖော်ပြခဲ့သည်။ ဆီးရီးယား လက်နက်ကိုင် သူပုန်များ အကြားတွင် မေရီအဖြစ် လူသိများသည့် ဗြိတိသျှ သူလျှို အမျိုးသမီး မှာ ဆီးရီးယား အနောက် မြောက်ဘက်ရှိ Idlib မြို့တွင် သူလျှို လုပ်ငန်း ဆောင်ရွက် ခဲ့ပြီးနောက် ယခုအခါ Aleppo  မြို့တွင် လုပ်ဆောင်လျက် ရှိကြောင်း၊ ၄င်းဗြိတိသျှ သူလျှိုမှာ လစ်ဗျား နိုင်ငံရှိ သူပုန်ခေါင်းဆောင် Mahdi Al Harati  နှင့် အတူ တွဲလျက်ရှိပြီး ၄င်းလစ်ဗျား သူပုန် ခေါင်းဆောင်မှ ဆီးရီးယားရှိ လက်နက်ကိုင် ပုန်ကန်သူများ ထံသို့ ၄င်း၏ တပ်သား ၃ဝ အား ပေးပို့ကူညီစေ ခဲ့ကြောင်း ၄င်း မဂ္ဂဇင်းတွင် ဖော်ပြခဲ့ ပါသည်။
            ပြီးခဲ့သည့်လ အစောပိုင်းက ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းက ၄င်း၏ ကွန်ဆာ ဗေးတစ် ပါတီအား ''လစ်ဗျား ကိုတော့ ဝင်နှောင့်ပြီးပြီ အခု ဘယ်နိုင်ငံကို လုပ်သင့်သလဲ'' ဟုပြောကြား ခဲ့ကြောင်း ဖော်ပြ ခဲ့သည်။ ဗြိတိန် လေတပ် အထူး တပ်ဖွဲ့ဝင် များသည် ဆီးရီးယား လက်နက်ကိုင် သူပုန်များကို လေ့ကျင့်ပေး ခဲ့ကြောင်း ဗြိတိန် မီဒီယာ များမှ ထုတ်ဖော် ပြောကြား ခဲ့ပြီးနောက် ၁ဝ ရက်ခန့် အကြာတွင် ၄င်းသတင်းများ ထွက်ပေါ် လာခြင်း ဖြစ်သည်။ ဇူလိုင်လ ၂ဝ ရက်နေ့ ဆောင်းပါး တစ်ပုဒ်တွင် ဗြိတိသျှ လေတပ် အထူးတပ်ဖွဲ့ ဝင်များသည် ဆီးရီးယား လက်နက်ကိုင် သူပုန် ခေါင်းဆောင်များကို လေ့ကျင့်ပေး ခဲ့ကြောင်း ဆီးရီးယား၏ Bashar Al-Assad အစိုးရအား ၄ ပတ်အတွင်း ဖြုတ်ချသွား မည်ဟု ဖော်ပြခဲ့သည်။ ၄င်းရက်တွင်ပင် ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး ဝီလီယံဟိတ်က ဗြိတိန်နိုင်ငံ အနေဖြင့် ဆီးရီးယား သူပုန်များအား ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ပြင်ပမှ ကူညီဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်