Thursday, August 02, 2012

OIC ထိပ်သီး အစည်းအဝေး တွင် ရခိုင်ပြည်နယ်ပဋိပက္ခ ဆွေးနွေးမည်

Posted by drmyochit Thursday, August 02, 2012, under | No comments

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားတဲ့ ရခိုင်  ဗုဒ္ဓဘာသာဝင်များနဲ့ ရိုဟင်ဂျာ  မွတ်စလင် ဘာသာဝင်များကြား  အကြမ်းဖက်မှုတွေကို  ဆော်ဒီအာရေး
ဗီးယားနိုင်ငံ မက္ကာမြို့ မှာ သြဂုတ်လအတွင်း ကျင်းပမဲ့ OIC ခေါ် အစ္စလာမ် ဘာသာဝင်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ထိပ်သီးအစည်းအဝေး
မှာ ဆွေးနွေး သွားမယ်လို့ အင်ဒိုနီးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလီဂါဝါက ပြောဆိုလိုက်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံ အနေနဲ့ လူမျိုးရေးကိုဖြစ်စေ၊ ဘာသာရေးကိုဖြစ်စေ တခြားဘာအကြောင်းကိုပဲ ဖြစ်စေ အခြေခံပြီး ခွဲခြားဆက်ဆံမှုကို ဆန့်ကျင်ကြောင်း ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်မှုတွေနဲ့ ပတ်သက်
လို့လည်း မိမိတို့ရဲ့ ရပ်တည်ချက်ဟာ တစ်သဘောတည်းရှိကြောင်း သူက သတင်းထောက်တွေကို ပြောပါတယ်။ ဒါ့အပြင် အင်ဒိုနီးရှားနိုင်ငံဟာ ၂၀၁၀ ခုနှစ်တုန်းက ဘင်္ဂလားဒေ့ရှ်နဲ့
မြန်မာနိုင်ငံတို့ကို အထူး သံကိုယ်စားလှယ် စေလွှတ်ပြီး ရခိုင်ပြည်နယ်ရှိ ပဋိပက္ခနဲ့ ပတ်သက်လို့  စုံစမ်းလေ့လာခဲ့ကြောင်း၊ မိမိတို့ ဟာ ဒီကိစ္စနဲ့
ပတ်သက်ပြီး မြန်မာနိုင်ငံနဲ့ တစ်နိုင်ငံချင်း အနေနဲ့လည်းကောင်း၊ နိုင်ငံ
အများနဲ့ သော်လည်းကောင်း ဆွေးနွေးခဲ့ကြောင်းနဲ့ အင်ဒိုနီးရှားနိုင်ငံဟာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေ အရေးကိစ္စနဲ့ ပတ်သက်ပြီး ဂရုမစိုက်ဘူး ဆိုတာ မဟုတ်ပါကြောင်း စသဖြင့် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက
ပြောဆိုတယ်လို့ ဇူလိုင် ၃၁ ရက်နေ့စွဲနဲ့ အင်ဒိုနီးရှားနိုင်ငံထုတ် The Jakarta Post သတင်းစာမှာ ဖော်ပြထားပါတယ်။


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်