Thursday, August 02, 2012

ဒေါ်အောင်ဆန်းစုကြည် ဥရောပ ခရီးစဉ် တွင် သားကြီးအရင်းခေါက်ခေါက် မြင့်ဆန်းအောင်က လုံးဝ လာမတွေ့ခဲ့

Posted by drmyochit Thursday, August 02, 2012, under | No comments

 ပြီးခဲ့တဲ့ ဇွန်လတွင်း ဒေါ်အောင်ဆန်းစုကြည် ဥရောပ ခရီးစဉ်တုန်းက ရက်ပေါင်း ၂၀ ခန့် ကြာသော်လည်း သားကြီး ဖြစ်သူ အလက်စန္ဒား အဲရစ် က လုံးဝ လာရောက်တွေ့ဆုံခြင်း မရှိဘူးလို့ သိရပါတယ်။

လူအများစုက ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မြန်မာနိုင်ငံသားတွေကို ချစ်လွန်းလို့ သား တွေနဲ့ ခွဲပြီးနေတယ်လို့ ထင်ကြပေမယ့် အလက်စန္ဒားအဲရစ်ကတော့ အမေဖြစ်သူ ဒေါ်အောင်ဆန်း စုကြည်ကို တွေ့ချင်စိတ်ကုန်ခန်းနေပြီး မြန်မာနိုင်ငံ က အမျိုးသား ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ မြေး လို့ ပြောရမှာ တွန့်တိုနေတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံသို့ ဒေါ်အောင်ဆန်းစုကြည် နဲ့ မိုက်ကယ်အဲရစ်တို့ ရဲ့ သားအငယ် ကမ်အဲရစ် နှစ်ကြိမ်တိုင်တိုင် လာရောက်ကာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခဲ့ပေမယ့် အလက်စန္ဒားအဲရစ်ကတော့ လုံးဝ လာရောက်ခဲ့ခြင်း မရှိသေးပါဘူး။ ကမ်အဲရစ် ရဲ့ မိသားစု နေထိုင်ရာ လန်ဒန်မြို့မှာ ၅ ရက်ကြာ ရောက်နေတဲ့ အချိန်တုန်းကလည်း အလက်စန္ဒားအဲရစ်က လုံးဝ လာရောက်တွေ့ဆုံခြင်း မရှိခဲ့ပေ။

ဗြိတိန်နိုင်ငံသား မိုက်ကယ်အဲရစ်ရဲ့မျိုးဆက်များကို ဆက်လက်ထိန်းသိန်းရန်အတွက် အာရှနိုင်ငံအများအပြား ရှိနေတဲ့အထဲကပင် ဒေါ်အောင်ဆန်းစုကြည်ဟာ အင်္ဂလန်နိုင်ငံကို ခရီးအရင်ထွက်ခဲ့ပြီး မြန်မာစကား မပြောတတ်တဲ့ ချွေးမ၊ မြေးများ နှင့် တွေ့ဆုံခဲ့ပါတယ်။ အခု တခါ စက်တင်ဘာလအတွင်း မှာတော့ သားအကြီး ဖြစ်သူ ရဲ့ မိသားစုများကို သွားတွေ့မယ်လို့ သိရပါတယ်။

အလက်စန္ဒားအဲရစ် ဟာ မထင်မရှား နေထိုင်သူ တစ်ဦးဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ ယောင်္ကျား မိုက်ကယ်အဲရစ်ကဲ့သို့ပင် ဂွေးစေ့ကင်ဆာရှိသူ ဖြစ်ကြောင်း သိရပါတယ်။

မိုက်ကယ်အဲရစ် နှင့် ကမ်င်အဲရစ် တို့ဟာ ထူးချွန်ပြောင်မြောက်လှသော မြန်မာ့ အမျိုးသား ဖခင်ကြီးရဲ့ မြေးအရင်းများ ဖြစ်ကြပေမယ့် ကမ္ဘာတဝှမ်းမှ လူအားလုံးက ၎င်း တို့ နှစ်ယောက်ကို မသိကြပေ။

အမျိုးသားဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ရဲ့ မျိုးရိုးစဉ်ဆက် ဟာ ရှေးကတည်းက ထင်ရှားကြော်ကြားခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ မျိုးမစောင့်မှုကြောင့် ယခုဆိုလျှင် မြန်မာတွင်သာ မက ကမ္ဘာတွင် ပါ မထင်မရှား ပျောက်ကွယ်တော့မှာ ဖြစ်ပါတယ်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်