Thursday, August 02, 2012

သျှမ်းပြည်တပ်မတော် SSPP/SSA အဖွဲ့ထောင်ထားသော မြေမြှုပ်မိုင်းအား အပြစ်မဲ့ရွာသားတစ်ဦးနင်းမိသေဆုံး

Posted by drmyochit Thursday, August 02, 2012, under | No comments

ဇူလိုင်လ ၂၅ ရက်နေ့ မနက် ၁၀ နာရီခန့်က တန့်ယန်းမြို့နယ်၊ ပါတက်ကျေးရွာအနီး ၀မ်ဟွေလုံကျေးရွာမှ ရွာသား တစ်ဦးဟာ SSA ၀မ်ဟိုင်းအဖွဲ့လို့လူသိများသော သျှမ်းပြည်တပ်မတော် SSPP/SSA အဖွဲ့မှထောင်ထားတဲ့ မြေမြှုပ်မိုင်းအား နင်းမိပြီးနေရာတွင်ပွဲချင်းပြီးသေဆုံးသွားကြောင်း အဆိုပါရွာသားများထံမှ သိရှိရပါတယ်။

          မိုင်းနင်းသေဆုံးခဲ့သော ရွာသားအမည်မှာ ပေါ်အောင်ဆိုသူ ပလောင်တိုင်းရင်းသားတစ်ဦး ဖြစ်ပြီး ၎င်း၏ ဇနီးနှင့် လူမမယ်အရွယ်ကလေးငယ် ၄ ယောက်ကျန်ရှိခဲ့ကြောင်း သိရပါတယ်။ ဒေသခံ တောင်သူ တွေရဲ့ ပြောစကားအရ ပေါ်အောင်ဟာ ၀မ်ဟွေလုံမှ ၎င်းရဲ့တောင်ယာသို့အသွားလူသွားလမ်းပေါ် မှာပဲ SSPP/SSA အဖွဲ့မှထောင်ထားသော မြေမြှုပ်မိုင်းတစ်လုံးကိုနင်းမိ၍သေဆုံးခဲ့ခြင်းဖြစ်ပါတယ်။
          SSPP/SSA အဖွဲ့အနေနဲ့ ဇွန်လအတွင်း တပ်မတော်နဲ့ တိုက်ပွဲများဖြစ်ပွားခဲ့စဉ်မှာ ကျေးရွာများနှင့် တောင်ယာ သွားသည့် လူသွားလမ်းတစ်လျောက် မြေမြှုပ်မိုင်းများအများအပြားထောင်ထားတဲ့ အတွက် ရွာသားများ၊ ကျွဲ၊ နွားများ မကြာခဏ မိုင်းနင်းသေဆုံးမှုများရှိနေပါတယ်။ ယနေ့အချိန်ထိမိုင်းအလုံး(၃၀) ကျော်လောက် နေ့တိုင်းနီးပါးပေါက်ကွဲသံကြားနေရတယ်လို့ သိရတဲ့အတွက် အနီး ၀န်းကျင်ရွာသားများမှ ကြောက်ရွံ့လျက်ရှိပြီး တောင်ယာနှင့်ရွာအချင်းချင်းသို့ပင် မသွားရဲတော့ကြောင်းနှင့် SSPP/ SSA အဖွဲ့ကိုလည်း မြေမြှုပ်မိုင်းများပြန်လည်ရှင်းလင်းပေးဘို့တောင်းဆိုထားကြောင်း သိရှိရပါတယ်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်