Thursday, August 02, 2012

ဒုတိယသမ္မတ အဖြစ် ဗိုလ်ချုပ်ကြီးဥာဏ်ထွန်းအား အမည်စာရင်းတင်သွင်းထားဟု လွှတ်တော်တွင်းသတင်းများထွက်ပေါ်

Posted by drmyochit Thursday, August 02, 2012, under | No comments

From : messenger
ဒုတိယသမ္မတ အဖြစ် ဗိုလ်ချုပ်ကြီးဥာဏ်ထွန်းအား အမည်စာရင်းတင်သွင်းထားဟု လွှတ်တော်တွင်းသတင်းများထွက်ပေါ်နေပြီး ယင်းကိစ္စနှင့် ပတ်သက်၍ ဒုတိယသမ္မတ စီစစ်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးဌေးဦးက " ကျွန်တော့အနေနဲ့က သိလည်း ပြောခွင့်မရှိပါဘူး ဦးခင်အောင်မြင့်က ပြောခွင့်ရှိပါတယ် ကျွန်တော့်အနေနဲ့ပြောနိုင်တာက သိပ်မကြာခင်မှာ ဒုတိယသမ္မကို ပြည် ထောင်စုလွှတ်တော်မှာတင်သွင်းနိုင်မှာပါ ကျွန်တော့်အနေနဲ့ကျော်ပြောလို့မကောင်းပါဘူး ၊ သေချာတာက ဒုတိယသမ္မတ အမည် စာရင်း ကျွန်တော်တို့ စီစစ်ရေးကော်မတီကိုမရောက်လာသေးပါဘူး " ဟု ပြောကြားခဲ့သည်။


ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးခိုင်မောင်ရည် ကလည်း“ကျွန်တော်တို့သိသလောက်တော့ ဒုသမ္မ တစာ ရင်းက ပြောင်းသွားပြီးလောက်ပြီ အခုပြောနေတာတွေကတော့ နောက်တစ်ပတ် တနလာင်္နေ့မှာ အဖြေတစ်ခုသိရမယ်လို့တော့ ကြား ပါ တယ်” ဟု ပြောကြားသည်။

ဒုတိယ ဗိုလ်ချုပ်ကြီးဥာဏ်ထွန်း သည် လက်ရှိတွင် မြန်မာ့တပ်မတော်(ရေ)တွင်ကာကွယ်ရေးဦးစီးချုပ်တာဝန် ယူထားသူဖြစ်သည်.။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်