Thursday, August 02, 2012

ထုတ်ဝေခွင့် ယာ ယီ ရပ် ဆိုင်း ခဲ့သော လျှပ် တစ်ပြက် ဂျာနယ်ကို ပြန်လည် ထုတ်ဝေခွင့်ပြု

Posted by drmyochit Thursday, August 02, 2012, under | No comments

” သြဂုတ်၊ ၂၀၁၂ ညနေပိုင်းတွင် စာပေ စိစစ် ရေးမှူး ဒုတိယ ညွှန်ကြား ရေးမှူးချုပ်၊ ညွှန်ကြား ရေးမှူးတို့မှ ၂လ ပိတ်ပင် တားမြစ် ရပ်ဆိုင်း ခဲ့သော လျှပ်တစ်ပြက် သတင်း ဂျာနယ်အား ၉၊ သြဂုတ်၊ ၂၀၁၂ရက် နေ့တွင် ပြန်လည် ထုတ်ဝေခွင့် ပြုလိုက်ကြောင်း အသိပေး ပြောကြား ခဲ့သည်။ သည့်အတွက် လျှပ်တစ်ပြက် သတင်း ဂျာနယ်နှင့် ပတ်သက်၍ ကူညီခဲ့ ကြသူများ၊ ၀ိုင်းဝန်း ခဲ့ကြသူများ၊ စောင့်ရှောက်ခဲ့ ကြသူများ၊ ဖေးမပေးခဲ့ ကြသူများ၊ ရပ်တည် ပေးခဲ့ကြသူများ၊ အားပေးခဲ့ကြသူများ အားလုံး အားလုံးကို အထူး ကျေးဇူးတင် ဂါရ၀ ပြုပါကြောင်း မှတ်တမ်း တင်အပ်ပါသည်”ဟု ဦးမြတ်ခိုင်က ၎င်း၏ facebook စာမျက် နှာတွင် ရေးသားခဲ့သည်။လျှပ်တစ်ပြက် ဂျာနယ်အတွဲ ၃ အမှတ် ၉၁ စာမျက်နှာ ၈ တွင် ဖော်ပြ ပါရှိသော မသီတာထွေး၏ ဓာတ်ပုံ နှင့်ပတ်သက်၍ အယ်ဒီ တာချုပ် ဦးမြတ်ခိုင်အား ပြစ်မှု ဆိုင်ရာ ဥပဒေ ပုဒ်မ ၅၀၅ (ခ)(ဂ)တို့ဖြင့် ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ ကိုယ်စား ပုဇွန်တောင် မြို့နယ် အုပ်ချုပ်ရေး မှူးက တရားစွဲ ဆိုခဲ့ကာ တရားစွဲ ဆိုမှု နှင့်အတူ ဂျာနယ် ထုတ်ဝေ ဖြန့်ချိခွင့် ကိုလည်း ယာယီ ရပ်ဆိုင်း ခဲ့ခြင်း ဖြစ် ပါသည်။
ဇွန်လ ၈ ရက်နေ့က နောက် ဆုံးထုတ်ဝေဖြန့်ချိခွင့် ရရှိခဲ့သော လျှပ်တစ်ပြက် ဂျာနယ်ကို ထုတ်ဝေ ဖြန့်ချိခွင့် ယာယီ  ပိတ်ပင်မှုမှာ တစ်လ ခန့် ကြာမြင့်မည်ဟု မူလက သိရှိ ရသော်လည်း တစ်လပြည့်ပြီး နောက်ပိုင်း တွင်လည်း ထုတ်ဝေဖြန့် ချိခွင့်မှာ မရရှိဘဲ ရပ်ဆိုင်းခံ ခဲ့ရပြီးနောက် ရက်သတ္တပတ် ခုနှစ်ပတ် အကြာ တွင်ပြန်လည် ထုတ်ဝေခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။
ဂျာနယ်ပြန် လည်ထုတ်ဝေခွင့် ရရှိ ခဲ့သော်လည်း ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ ကိုယ်စား ပုဇွန်တောင် မြို့နယ် အုပ်ချုပ်ရေးမှူးက တရားစွဲ ဆိုခဲ့သော အမှုကိုမူ ဆက်လက် ရင်ဆိုင်နေ ရဆဲ ဖြစ်ကာ ထိုအမှု အတွက် ငါးကြိမ်မြောက် ကြားနာမှု ရုံးချိန်းကို သြဂုတ်လ ၃ ရက်နေ့သို့ ချိန်းဆို ထားပါသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၃၁ ရက်နေ့ ကလည်းပြန် ကြားရေး ၀န်ကြီးဌာန၊ လက်အောက်ရှိ စာပေစိစစ်နှင့် မှတ်ပုံတင် ဌာနက The Voice Weekly ဂျာနယ်နှင့် Envoy News Journal တို့ အား သတ်မှတ် ထားသော စည်းကမ်း ချက်များကို ချိုးဖောက် သည်ဟုသော စွပ်စွဲချက်ဖြင့် ထုတ်ဝေခွင့် ယာယီ ရပ်နား ခဲ့ပါသည်။
ထိုကဲ့သို့ ယာယီရပ် နားခဲ့မှုနှင့် ပတ်သက်ပြီး သတင်း မီဒီယာသမား အများအပြား ပါဝင်သည့် ဆွေးနွေး ပွဲတစ်ရပ်ကို သြဂုတ်လ ၁ ရက်နေ့ မွန်းလွဲပိုင်း ကတော်ဝင်နှင်းဆီ စားသောက်ဆိုင်၌ လုပ်ခဲ့ကာ တက်ရောက်ခဲ့သော သတင်းသမား များစုစည်း၍ သတင်း လွတ်လပ် ခွင့်ကော်မတီ(ယာယီ)ကို ဖွဲ့စည်းခဲ့ပါသည်။ ထိုကော်မတီမှ သတင်း မီဒီယာများ အပေါ် ထုတ်ဝေခွင့် ပိတ်ပင်ခြင်း၊ ချုပ်ချယ်ခြင်းများ လုပ်ခြင်းများနှင့် ပတ်သက်၍ သတင်း ထုတ်ပြန် ကြေညာချက် တစ်ရပ်ကို ထုတ်ပြန်ခဲ့ပါသည်အဆိုပါ ထုတ်ပြန် ချက်၌ အချက် (၇)ချက် ပါဝင်ခဲ့ပြီး ထိုအချက်များမှာ-
(၁) ပိတ်ပင်ခံ ထားရသော The Voice Weekly ဂျာနယ်နှင့် Envoy ဂျာနယ်၊ လျှပ်တစ်ပြက် တို့ကို ချက်ချင်း ထုတ်ဝေခွင့်ပေးရန် ( မှတ်ချက်။ လျှပ်တစ်ပြက် ဂျာနယ်ကို သြဂုတ်လ ၉ ရက်နေ့မှ စတင်ပြီး ပြန်လည်ထုတ်ဝေခွင့် ပြုလိုက်ကြောင်း စာပေစိစစ်ရေးမှ သြဂုတ်လ ၁ ရက်နေ့ ညနေပိုင်းက အကြောင်းကြားခဲ့)
(၂)ပြုပြင်ပြောင်း လဲမှုများကို ထိခိုက်စေ သည့်နောက်ပြန် ဆွဲသော မည်သည့်ပုဂ္ဂိုလ်၊ မည်သည့် လုပ်ရပ်မျိုး ကိုမဆို အရေးယူ ဖယ်ရှားပေးရန်
(၃) ၁၉၆၂ ခုနှစ် ပုံနှိပ် အက်ဥပဒေနှင့် မီဒီယာ များကို ဖိနှိပ် ကန့်သတ် ထားသော ဥပဒေများကို ချက်ချင်း ဖျက်သိမ်းပေးရန်
(၄) သတင်း မီဒီယာ များအပေါ် အရေးယူ မှုများကို ထပ်မံ လုပ်ဆောင်ခြင်း မပြုရန်
(၅) ကျင့်ဝတ်နှင့်အညီ ရေးသားဖော် ထုတ်သော မည်သည့်ရေးသား မှုများကို အစိုးရက ဥပဒေကြောင်း အရ တရားစွဲ မှုများကို ချက်ချင်း ရပ်ဆိုင်းရန်
(၆) မီဒီယာ သမားများ သဘော ဆန္ဒ မပါဝင်ဘဲရေး ဆွဲထားသည့် မည်သည့် မီဒီယာ ဥပဒေ ကိုမဆို လက်မခံပါ။
(၇) လက်တလောဖြစ် ပွားနေသော စာပေ လွတ်လပ်ခွင့် ဆုံးရှုံးမှုများ အတွက် မီဒီယာ များအား နိုင်ငံတော်၏ တာဝန် အရှိဆုံး ပုဂ္ဂိုလ်က အမြန်ဆုံး တွေ့ဆုံဖြေရှင်း

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်