Thursday, August 02, 2012

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် အဆင့်မြင့် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ အိန္ဒိယသမ္မတ

Posted by drmyochit Thursday, August 02, 2012, under | No comments

From : မြဝတီ


(နေပြည်တော် သြဂုတ် ၁)
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့ တပ်မတော် အဆင့်မြင့် ချစ်ကြည် ရေး ကိုယ်စားလှယ် အဖွဲ့သည် အိန္ဒိယ သမ္မတနိုင်ငံ တပ်မတော် (ကြည်း၊ ရေ၊ လေ) ပူးတွဲ ဦးစီးချုပ် နှင့် အိန္ဒိယ ရေတပ် ဦးစီးချုပ် Admiral Nirmal Verma (PVSM, AVSM, ADC) ၏ ဖိတ်ကြားချက် အရ အိန္ဒိယ သမ္မတ နိုင်ငံသို့ ယနေ့ နေ့လယ် ပိုင်းတွင် မြန်မာ့ တပ်မတော် အထူး လေယာဉ်ဖြင့် ထွက်ခွာ ကြရာ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ဗိုလ်ချုပ်ကြီး လှဌေးဝင်းနှင့် ဇနီး ဒေါ်မာမာဝေ၊ ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်းနှင့် ဇနီး ဒေါ်ခင်အေးမြင့်၊ ကာကွယ်ရေး ဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မြတ်ဟိန်း နှင့်ဇနီး ဒေါ်ထွေးထွေးညွန့်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီး များနှင့် နေပြည်တော် တိုင်း စစ်ဌာနချုပ် တိုင်းမှူးတို့က နေပြည်တော် လေဆိပ်တွင် ပို့ဆောင် နှုတ်ဆက် ကြသည်။



(တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် အဆင့်မြင့် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ အိန္ဒိယသမ္မတ နိုင်ငံသို့ ချစ်ကြည်ရေးခရီး ထွက်ခွာရာ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး စိုးဝင်းနှင့် တာဝန်ရှိသူများ နေပြည်တော် လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက် ကြစဉ်။)

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့ တပ်မတော် အဆင့်မြင့် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့တွင် အဖွဲ့ဝင်များ အဖြစ် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ဇနီး ဒေါ်ကြူ ကြူလှနှင့် ကာ ကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ အရာရှိကြီးများ၊ တာဝန်ရှိသူ များနှင့် ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံ ဆိုင်ရာ အိန္ဒိယ နိုင်ငံ စစ် သံမှူး Colonel Rajesh Kumar တို့ လိုက်ပါ သွားကြကြောင်း သတင်း ရရှိသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်