Thursday, August 02, 2012

အိန္ဒိယပြည်ထဲရေးဝန်ကြီးသည် ပဋိပက္ခများဖြစ်ပွားနေသော Assam ပြည်နယ်သို့ သွားရောက်ခဲ့ခြင်း

Posted by drmyochit Thursday, August 02, 2012, under | No comments

Xinhuanet.com;July-30(Mon)
အိန္ဒိယ ပြည်ထဲရေး ဝန်ကြီး P.Chidambaram  သည် ဇူလိုင်လ ၃ဝ ရက်နေ့ အစောပိုင်းတွင် Gopinath Bordoloi  လေဆိပ်သို့ ရောက်ရှိခဲ့ပြီး အဓိက ရုဏ်းများ ဖြစ်ပွားခဲ့သည့် အိန္ဒိယ နိုင်ငံအရှေ့ မြောက်ပိုင်း Assam ပြည်နယ် Kokrajhar  ခရိုင်သို့ ရဟတ်ယာဉ်ဖြင့် ဆက်လက် ထွက်ခွာ ခဲ့ပါသည်။ Assam ပြည်နယ်၌ ဇူလိုင်လ ၂ဝ ရက်နေ့မှ စ၍ အကြမ်းဖက် မှုများဖြစ် ပွားခဲ့ပြီး လူ ၄၈ ဦးသေဆုံးကာ ၅ဝဝ,ဝဝဝ ကျော် အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရ ပါသည်။ အိန္ဒိယ ဝန်ကြီးချုပ် မန်မို ဟန်ဆင်းသည် Assam ပြည်နယ်သို့ ဇူလိုင်လ ၂၈ ရက်နေ့တွင် သွားရောက်ခဲ့ပြီး ဒုက္ခသည် စခန်းများရှိ ဒုက္ခသည်များနှင့် တွေ့ဆုံ ခဲ့ပါသည်။ အိန္ဒိယ ဝန်ကြီးချုပ် မန်မို ဟန်ဆင်းသည် Assam ပြည်နယ်ရှိ အကြမ်းဖက် မှုများ ဖြစ်ပွားနေသော Bodo ဒေသ စီမံ အုပ်ချုပ်ရေး (Bodoland Territorial Administered Districts-BTAD) ခရိုင်များ သို့လည်း သွားရောက်ခဲ့ ပါသည်။ အိန္ဒိယ ဝန်ကြီးချုပ် မန်မို ဟန်ဆင်းသည် Assam ပြည်နယ် ဝန်ကြီးချုပ်နှင့် ၄င်း၏ အစိုးရ အဖွဲ့နှင့် တွေ့ဆုံခဲ့ပြီး BTAD  ၌ ဖြစ်ပွားလျက် ရှိသော အခြေ အနေများနှင့် ပတ်သက်၍ အမြင်ချင်း ဖလှယ်မှုများ ပြုလုပ်ခဲ့ ပါသည်။
အဆိုပါ ဒေသ၌ လုံခြုံရေး တိုးမြှင့် ချထားမှုများ ပြုလုပ်ခဲ့ပြီး လေကြောင်းချီ တပ်ဖွဲ့များနှင့် အိန္ဒိယ ကြည်းတပ်အာုးKokrajhar ? Dhubri နှင့် Chirang   ခရိုင်တို့၌ တပ်ဖြန့် ချထားခဲ့ ပါသည်။ မွတ်စလင် ကျောင်းသား ခေါင်းဆောင် နှစ်ဦးအား  Bodo လူငယ်များမှ တိုက်ခိုက်မှု ဖြစ်ပွား ခဲ့ပြီးနောက် Bodo မျိုးနွယ်စု များနှင့် မွတ်စလင် ဘာသာဝင်များ အကြား ပဋိ ပက္ခများ ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါသည်။ ထိုသို့ လုံခြုံရေးများ တိုးမြှင့် ချထားခဲ့ သော်လည်း ပဋိ ပက္ခများသည် ရက်ပေါင်း ၇ ရက်ကြာ ဆက်လက် ဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်