Thursday, August 02, 2012

ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံသို့ နှစ် ၂၀ ကျော်အတွင်း ထောက်ပံ့ငွေ ဒေါ်လာ ၈၅ သန်းပေးမည်

Posted by drmyochit Thursday, August 02, 2012, under | No comments

ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံသို့ ၁၉၈၇ နောက်ပိုင်းချေးငွေအသစ်ထုတ်ပေးမှုကို ရပ်ဆိုင်းထားခဲ့သောကြောင့် ယခုထောက်ပံ့ငွေမှာ နှစ် ၂၀ ကျော်အတွင်း ပထမဆုံးအကြိမ်ပြန်လည်ပေးအပ်ခြင်းဖြစ်သည်။
အဆိုပါထောက်ပံ့ကြေးကို မြန်မာနိုင်ငံ၏ အခြေခံအဆောက်အဦများ ဖွံ့ဖြိုးတိုးတက်ရေး၊ လူထုဖွံ့ဖြိုးရေးအတွက်ဖြစ်ပြီး အထူး သဖြင့် ပဋိပက္ခဖြစ်ပွားနေသော ဒေသများ၏ အခြေခံအဆောက်အဦးများဖွံ့ဖြိုးရေးအတွက် ဦးစားပေး ကူညီမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ မြန်မာနိုင်ငံမှ ကမ္ဘာ့ဘဏ်သို့ ပြန်လည်ပေးဆပ်ရမည့် အကြွေးများကို လာမည့် ၂၀၁၃ နှစ်ဆန်းပိုင်းတွင် ပြန်လည်ပေးဆပ်ရန် မျှော်လင့်ကြောင်း ၎င်းကပြောသည်။ မြန်မာနိုင်ငံက ကမ္ဘာ့ဘဏ်သို့ ပေးဆပ်ရမည့်အကြွေးမှာ အမေ ရိကန်ဒေါ်လာ သန်း ၄၀၀ ခန့်ရှိပြီး ယခုအခါ ယင်းအကြွေးကိစ္စသည် သဘောတူညီမှု ရရှိထားပြီးဖြစ်ကြောင်း သတင်းရရှိသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်