RIA Novosti.com;July-30(Mon)
ဆီးရီးယား နိုင်ငံအတွင်း လျှပ်စစ်ဓာတ်အား လုပ်ငန်းတွင် တစ်ဆင့်ခံ
ကန်ထရိုက် လုပ်ငန်း ဆောင်ရွက် နေသည့် အီတာလျံ လျှပ်စစ် ကုမ္ပဏီမှ အင်ဂျင်နီယာ ၂ ဦးသည်
ဇူလိုင်လ ၁၈ ရက်နေ့က လေဆိပ်သွား လမ်းပေါ်တွင် ကားတစ်စီးဖြင့် သွားလာနေစဉ် မျက်နှာဖုံးစွပ်
လူတစ်စုမှ ပြန်ပေးဆွဲ ခဲ့သည်။ ၄င်းအင်ဂျင် နီယာ ၂ ဦးအား ၈ ရက်ကြာ ဖမ်းဆီးထားပြီး ဆီးရီးယား
တပ်မတော်၏ အကူ အညီဖြင့် ပြန်လည် လွတ်မြောက်လာ ခဲ့သည်။ ဖမ်းဆီး သူများမှာ မည်သူမည်ဝါ
ဖြစ်သည်ဟု မသိရကြောင်း၊ ထိခိုက်မှု တစ်စုံတစ်ရာ မရှိကြောင်းနှင့် ဆီးရီးယား အာဏာပိုင်များ၏
စီစဉ်ပေးမှုကြောင့် ဇူလိုင်လ ၂၉ ရက်နေ့တွင် အီတလီ နိုင်ငံသို့ ပြန်လည် ရောက်ရှိခဲ့ ပါသည်။
0 comments:
Post a Comment