Sunday, August 05, 2012

မြန်မာ နိုင်ငံ၏ တိုးတက် ပြောင်းလဲမှုကို တုံ့ပြန်သည့် အေနေဖြင့် ကူညီ ထောက်ပံ့မှု မ်ာျးပန်လည်ျပု လုပ်လာသည့် ကမ္ဘာ့ ဘဏ်အဖြဲ့ (ဘာသျာပန် ဆောင်းပါး)

Posted by drmyochit Sunday, August 05, 2012, under | No comments

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ အတွင်း  ဖြစ်ထွန်းလျက် ရှိသည့် ဖွံ့ဖြိုး တိုးတက်မှု များကို  တုံ့ပြန် သည့် အနေ ဖြင့် ကမ္ဘာ့ဘဏ် အဖွဲ့က ဒေါ်လာ ၈၅ သန်းကို ထောက် ပံ့ပေးအပ်ရန် လျာ ထားပြီး မြန်မာ နိုင်ငံက ပေးဆပ်ရန် ကျန်ရှိ နေ  သည့် ကြွေးမြီ ဒေါ်လာ ၃၉၇ သန်းကို ပြန် လည်ပေး ဆပ်ရာ တွင် လည်း မြန်မာ အစိုးရအား အကူအညီ ပေး အပ် သွားမည် ဖြစ်ကြောင်း အဆိုပါ အဖွဲ့ ကြီးက သြဂုတ် ၁ ရက်တွင် ကြေညာ ခဲ့သည်။


မြန်မာနိုင်ငံ အပေါ် အကူအညီ များပေး အပ်မည့် အဆိုပါ အစီအစဉ် အား ကမ္ဘာ့ဘဏ် အဖွဲ့၏ ရုံးခွဲ တစ်ခုကို ရန်ကုန်မြို့ တွင် ဖွင့်လှစ်သည့် အခမ်းအနား၌   ၎င်း အဖွဲ့ကြီး၏ အရှေ့ အာရှနှင့် ပစိဖိတ် ရေးရာ ဒုတိယ ဥက္ကဋ္ဌ ဖြစ်သူ မစ္စ ပန်းမဲလာ ကောက်စ်က ကြေညာ ခဲ့ခြင်းဖြစ် သည်။ ၎င်း အစီအစဉ် အား ကမ္ဘာ့ဘဏ် အဖွဲ့မှ ဘုတ်အဖွဲ့က သဘောတူ ခွင့်ပြုပါက ယခုနှစ် အောက် တိုဘာလ မှစ၍ အကောင် အထည်ဖော် လုပ်ဆောင် သွားမည် ဖြစ်သည်။


မစ္စ ကောက်စ်သည် နိုင်ငံတကာ ဘဏ္ဍာ ရေးအဖွဲ့ အစည်းများမှ တာဝန် ရှိသူများ နှင့်အတူ ယခု သတင်းပတ် အတွင်းက နိုင်ငံ တော် သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံခဲ့ပြီး ကမ္ဘာ့ဘဏ် နှင့် ပြန်လည် ဆက်သွယ် နိုင်မည့် နည်းလမ်းများ ရှာဖွေမှုနှင့် စပ်လျဉ်း၍ ဆွေးနွေး ခဲ့သည်။ မြန်မာ နိုင်ငံသို့ ကမ္ဘာ့ ဘဏ်မှ တာဝန် ရှိသူများ လာရောက် ခဲ့သည့် အဆိုပါ ခရီးစဉ်သည် နိုင်ငံအတွင်း နိုင်ငံ ရေးနှင့် စီးပွားရေး ဆိုင်ရာ ပြုပြင် ပြောင်းလဲရေး များဖြစ်ပေါ် လာပြီး နောက် ပထမဆုံး အကြိမ် အဖြစ်လာ ရောက်သည့် ခရီး စဉ်ဖြစ်သည်။

မြန်မာ နိုင်ငံသည်  ပိုမိုပွင့်လင်းပြီး  ဒီမိုကရေစီ နည်းလမ်းကျ သည့် အစိုးရ အဖြစ် တက်လှမ်း နေသည့်အပြင် လက်နက်ကိုင် ပဋိပ က္ခ များအား ငြိမ်းချမ်းရေး ဖြင့် ပြောင်းလဲ နိုင်ရန် ဦးတည်လုပ် ဆောင်လျက် ရှိပြီး နိုင်ငံ၏ စီးပွားရေး ကိုလည်း ပိတ်ဆို့ ထားခဲ့ရာမှ ယခု အခါ ဖွင့်လှစ် ပေးပြီး ဖြစ်သော ကြောင့် အစိုးရ သည် ပြုပြင် ပြောင်းလဲမှု  သုံးရပ်ကို အကောင် အထည် ဖော်လျက် ရှိကြောင်း မစ္စ ကောက်စ်က ရန်ကုန်မြို့ တွင် ပြုလုပ်ခဲ့ သည့် သတင်းစာ ရှင်းလင်းပွဲ တွင် ပြောကြား ထားသည် ကိုတွေ့ ရသည်။

မြန်မာနိုင်ငံ အပေါ် ကမ္ဘာ့ ဘဏ်အဖွဲ့က ပေးအပ်မည့် ငွေကြေး အကူအညီ များကို ဖွံ့ဖြိုး တိုးတက်ရေး အစီအစဉ်များ ဖြစ်ကြသည့် ကျောင်းများ၊ လမ်းများ၊ ရေနှင့် အခြား စီမံကိန်းများ တွင် သင့်တော် သလို အသုံးပြု သွားနိုင် မည်ဖြစ်သည်။ ထို့အပြင် မြန်မာ ပြည်သူ  ၇ဝ ရာခိုင်နှုန်း က မှီခို အားထား နေရသည့် စိုက်ပျိုးရေး ကဏ္ဍ တိုးတက် လာရေး အတွက်လည်း ၎င်း အဖွဲ့ကြီးက ထောက်ပံ့မှု များပြုလုပ် သွားမည် ဖြစ်ပြီး မြန်မာ နိုင်ငံက အာရှ ဖွံ့ဖြိုးရေး ဘဏ်အား ပေးဆပ်ရန် ကျန်ရှိ နေသည့် ဒေါ်လာ သန်း ၅ဝဝ ခန့်အား ပေးဆပ် ရာတွင်လည်း  အဆိုပါ ဘဏ်နှင့် အတူ ကမ္ဘာ့ဘဏ် အဖွဲ့က အတူတကွ ပူးပေါင်း လုပ်ဆောင် သွား မည်ဖြစ်သည်။

မြန်မာ အစိုးရက လုပ်ဆောင် လျက်ရှိ သည့် ဒီမိုကရေစီ အသွင်ပြောင်းရေး နှင့် စီးပွားရေး ဆိုင်ရာ ပြုပြင် ပြောင်းလဲမှု များ ကို ထောက်ခံ သည့်အနေဖြင့် မြန်မာ နိုင်ငံက ပေးဆပ် ရမည့် ဒေါ်လာ ၃ ဒသမ ၇ ဘီလီယံခန့် ရှိ ကြွေးမြီ များအား ဂျပန် အစိုးရက လျော်ပစ်ရန် ဧပြီလ အတွင်း၌  သဘောတူ ခဲ့ပြီး ကမ္ဘာ့ ဘဏ်အား ပေး ဆပ်ရန် ကျန်ရှိ နေသည့် ကြွေမြီများကို ရှင်းလင်း ရာတွင်လည်း မြန်မာ အစိုးရ အား ဆက်လက် ကူညီ သွားမည်ဟု ကျိုဒို သတင်း အေဂျင်စီက သြဂုတ် ၁ ရက် တွင်ဖော် ပြထားသည်။

အချုပ် အားဖြင့် မြန်မာနိုင်ငံ အတွင်း ဖြစ်ပေါ် လျက်ရှိသည့် တိုးတက် ဖွံ့ဖြိုးမှု များကြောင့် အနောက် နိုင်ငံများက ၎င်း တို့ချ မှတ်ခဲ့သည့် ပိတ်ဆို့မှု အချို့ကို ဖြေလျှော့ပေး ခဲ့ပြီး မြန်မာနိုင်ငံ နှင့် သံတမန် ဆက်ဆံရေး ပြန်လည် ထူထောင် လာခဲ့ ကြသည်။ ယခုတစ်ဖန် ကမ္ဘာ့ဘဏ် အဖွဲ့ သည် နိုင်ငံ အတွင်းရှိ ဘဏ္ဍာ ရေးစနစ်များ ခေတ်မီ စေရေးနှင့် ပြည်သူများ အတွက် ပိုမို ကောင်းမွန်သော အနာဂတ် အား ဖန်တီး ရေးတွင် ၎င်းအဖွဲ့က ကူညီ ထောက်ပံ့ ပေးခြင်းသည် မြန်မာ အစိုးရ ၏ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစဉ် များ၏ ရလဒ် ပင်ဖြစ်ပေ တော့သည်။ 


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်