Sunday, August 05, 2012

ကျူးကျော်နေအိမ်များ မြန်မာ့မီးရထားက ထပ်မံဖယ်ရှား

Posted by drmyochit Sunday, August 05, 2012, under | No comments

ရန်ကုန် (မဇ္ဈိမ) ။       ။ မြန်မာ့မီးရထားပိုင် နယ်မြေအတွင်းမှ ကျူးကျော် လူနေအိမ်များကို ဖယ်ရှားမှုများ ဆက်တိုက်

ပြုလုပ်လျက်ရှိရာ ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်ရှိ ဈေးဆိုင်ခန်းများနှင့် တွဲလျက်ရှိသော လူနေအိမ် ၁ဝ လုံးကိုလည်း ဗုဒ္ဒဟူးနေ့တွင်အိမ်ရှင်များကဖျက်သိမ်းပေးလိုက်ရသည်။
အမှတ် ၂ ရပ်ကွက်၊ အောက်ဗဟိုလမ်းရှိ လူနေ ဈေးဆိုင်ခန်းများကို ဇူလိုင် ၃၁ ရက်နှင့် သြဂုတ် ၁ ရက်နေ့များတွင် ဖျက်ပါရန် မီးရထားအာဏာပိုင်များက သတိပေး နှိုးဆော်စာ ပေးပို့အပြီး နေထိုင်သူများ ကိုယ်တိုင် ဖျက်ပေးလိုက်
ကြရခြင်းဖြစ်သည်။
“သူတို့အနေနဲ့ အချိန်ကပ်ပြီးမှ လာပြောတော့ အားလုံး အခက်အခဲ ဖြစ်ကြရပါတယ်။ ဒါပေမယ့် ဦးတို့အနေနဲ့ ဘာမှ
ရွေးချယ်စရာ မရှိဘူး။ ဒီမြေပေါ်မှာ နေလာတာ နှစ်ပေါင်း ၅၀ ကျော်လာပါပြီ။ ဦးတို့ သားတွေ သမီးတွေရဲ့ပညာရေး၊ လူကြီးတွေရဲ့ကျန်းမာရေး၊ စီးပွားရေး အခြေအနေတွေကြောင့် အချိန်နည်းနည်းပေးဖို့ တင်ပြခဲ့တာလည်း မရပါဘူး” ဟု အဖျက်ခံရသောဈေးဆိုင်ခန်းတခုတွင်နေထိုင်သူဦးကျော်မိုးကပြောသည်။


အဖျက်ခံရသော အခြား ဈေးဆိုင်ခန်းတခုတွင် နေထိုင်သော ဒေါ်မာရီယာက “ကိုယ်တိုင်ဖျက်ရင်ဖျက်၊ မဖျက်ရင် သူတို့ ကိုယ်တိုင် ဖျက်မယ်ဆိုပြီးတော့ ပြောလာတယ်။ သူတို့ ဖျက်မယ်ဆိုရင် သစ်တွေ၊ သွပ်တွေ ဘာမှ အကောင်းပြန်ရမှာ မဟုတ်ဘူး။အဲဒီတော့မိုးရွာထဲမှာပဲအန်တီတို့ကိုယ်တိုင်ဖျက်ရတယ်”ဟုပြောသည်။
ရဲလုံခြုံရေးနှင့် မီးရထားဌာနဝန်ထမ်းများ အစောပိုင်းက ရောက်လာခဲ့သည်တွင် ဒေသခံများလည်း ဝိုင်းအုံလာသဖြင့် အခြေအနေတင်းမာသွားခဲ့သေးသည်။
ထိုသို့ နေအိမ်များ ဖျက်သိမ်းမှုနှင့် စပ်လျဉ်းပြီး မြန်မာ့မီးရထားသို့ မဇ္ဈိမက စုံစမ်းမေမြန်းရာတွင် တိုင်းတာဝန်ခံ ဦးသိန်းနိုင် က “သူတို့ကို ဖယ်ခိုင်းတာပါ။ မြန်မာ့ မီးရထားက ဖျက်တာ မဟုတ်ပါဘူး။ သူတို့အစီအစဉ်နဲ့သူတို့ ဖယ်ခိုင်း တာပါ။ သူတို့ ကိုလည်း ကြိုတင် အသိပေးထားပြီးသားပါ။ မြို့နယ်အုပ်ချုပ်ရေးမှူးတွေ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ၊ စည်ပင်သာ ယာဌာနကလူတွေပါပါပါတယ်”ဟုဆိုသည်။
ဘူတာရုံများ၊ ခရီးသည် နားနေဆောင်နှင့် မီးရထားလုပ်ငန်းနှင့် ပတ်သက်သော အဆောက်အဦများ ဆောက်လုပ်ရန်
မြို့ပတ်ရထား လမ်းတလျှောက်ရှိ ကျူးကျော် အိမ်များနှင့် ဆိုင်ခန်းများကို မြန်မာ့မီးရထား အာဏာပိုင်များက ဆက်လက် ဖယ်ရှားရန်အစီအစဉ်ရှိသေးသည်ဟုဦးသိန်းနိုင်ကပြောသည်။
ဇူလိုင်လ ၃ဝ ရက်နေ့ကလည်း ရန်ကုန်မြို့၊ ပုဇွန်တောင် ဘူတာရုံအနီးရှိ ကျူးကျော်အိမ် ၁၃ လုံးကို မြန်မာ့ မီးရထား အာဏာပိုင်များက ဖျက်သိမ်းလိုက်သည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်