Sunday, August 05, 2012

အမေရိကန် လေယာဉ်တင် သင်္ဘောအုပ်စု ဝင်ရောက်ရပ်နားရန် အဆိုပြုချက်အား သြစတြေးလျနိုင်ငံက ငြင်းဆိုခဲ့ခြင်း

Posted by drmyochit Sunday, August 05, 2012, under | No comments

Press TV.ir.com;Aug-2(Thu)

အမေရိကန် နျူကလီးယား စွမ်းအင်သုံးလေ ယာဉ်တင် တိုက်ခိုက် ရေးသင်္ဘောအုပ် စုအား နိုင်ငံ၏ အနောက်ဘက် ကမ်းရိုး တန်းတွင် လက်ခံရပ်နားခွင့်ပေးရန် အဆိုပြုချက်အား သြစတြေးလျ နိုင်ငံကငြင်းဆို ခဲ့ပါသည်။ အမေရိကန်၏ စစ်ရေး မဟာဗျူဟာအား အာရှ-ပစိဖိတ် ဒေသသို့ ရွှေ့ပြောင်းခြင်း၏ အစိတ်အပိုင်း တစ်ရပ်အဖြစ် အမေရိကန် အရှေ့ဘက် ကမ်းရိုးတန်းရှိ လေယာဉ်တင်သင်္ဘော အုပ်စုအား ပတ်သ့်မြို့၏ တောင်ဘက် ရေတပ်အခြေစိုက်စခန်းသို့ နေရာ ရွှေ့ပြောင်းရန် အကြံ ပြုခဲ့ကြောင်း ပင်တဂွန် ကော်မရှင် အဖွဲ့တစ်ဖွဲ့၏ ဖော်ပြချက်အရ သိရှိရပါသည်။
အိန္ဒိယ သမုဒ္ဒရာ အတွင်းရှ HMAS Stirling ရေတပ်အခြေစိုက် စခန်းသည် အမေရိကန် စစ်အခြေ စိုက်စခန်း ဘယ်တော့မျှ ဖြစ်လာမည်မ ဟုတ်ကြောင်း၊ သို့သော် အမေရိကန် ရေတပ်အခြေစိုက် စခန်းများ တိုးမြှင့်ရန် စေ့စပ်ဆွေးနွေး မှုများအား ဆောင်ရွက် လျက်ရှိဆဲဖြစ်ကြောင်း သြစတြေးလျ ကာကွယ်ရေးဝန်ကြီး စတီဖင်စမစ်က သြဂုတ်လ ၂ရက်နေ့တွင် ပြောကြား ခဲ့ပါသည်။ သြစတြေးလျ၌ အမေရိကန်စစ် အခြေစိုက် စခန်းများ ထားရှိခြင်းမပြုရန် မိမိတို့အနေဖြင့် ပြတ်သားစွာ တုံ့ပြန် ပြောကြားခဲ့ပြီး ဖြစ်ကြောင်း၊ အမေရိကန်စစ် အခြေစိုက်စခန်းများ သြစတြေးလျတွင် မမြင်တွေ့လိုဟု စတီဖင်စမစ်က ပြောကြားခဲ့ကြောင်း AP သတင်းဌာနက ဖော်ပြခဲ့ပါသည်။
သြစတြေးလျမြေပေါ်တွင် အမေရိကန် စစ်စခန်းများအား ထားရှိ ခွင့်မပြုရန် ငြင်းဆိုနေခြင်း၏ အဓိကအကြောင်း အရင်းမှာ တရုတ်နိုင်ငံ၏ ကန့်ကွက်မှုကြောင့် ဖြစ်ကြောင်း သြစတြေးလျ အမျိုးသား တက္ကသိုလ်၏ မဟာဗျူဟာနှင့် ကာကွယ်ရေး လေ့လာမှု ဗဟိုအကြီးအကဲ Hugh Whiteက ပြောကြား ခဲ့ပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်