Sunday, August 05, 2012

အီရန် နိုင်ငံအပေါ် အရေးယူ ပိတ်ဆို့မှု ထပ်မံပြုလုပ်ကြောင်း သမ္မတ အိုဘားမားက ကြေညာချက် ထုတ်ပြန် ခဲ့ခြင်း

Posted by drmyochit Sunday, August 05, 2012, under | No comments



Xinhuanet.com;Aug-2(Wed)
အမေ ရိကန် သမ္မတ ဘားရက် အိုဘား မားသည် အီရန် နိုင်ငံ၏ အငြင်း ပွားဖွယ် နျူ ကလီးယား အစီ အစဉ်နှင့် ပတ်သက်၍ အရေးယူ ပိတ်ဆို့မှု အဖြစ် အီရန် နိုင်ငံ၏ စွမ်းအင်၊ ရေနံနှင့် ဓာတု ဗေဒ ကဏ္ဍများ အပေါ် အရေး ယူ ပိတ်ဆို့မှု အသစ်များ ထပ်မံ ပြုလုပ် ခဲ့ကြောင်း ဇူလိုင်လ ၃၁ ရက် နေ့တွင် ကြေညာ ချက်တစ် စောင် ထုတ်ပြန် ခဲ့ပါသည်။ အမေ ရိကန် ဘဏ္ဍာ ရေးဝန် ကြီးဌာန သည် တရုတ နှင့် အီရတ် ဘဏ်တို့ အပေါ်  ငွေကြေး လွှဲပြောင်း မှုများနှင့် ပတ်သက် ၍ အဓိ ကပစ် မှတ်ထား လျက် ရှိပြီး အီရန် ဘဏ်ကို နာမည် ပျက် စာရင်း သွင်းခဲ့ ကြောင်း သိရှိရ ပါသည်။ အိုဘား မား၏  အီရန် နိုင်ငံ အပေါ် အရေးယူ ပိတ်ဆို့ မှုများနှင့် ပတ်သက်၍ နောက်ဆုံး ထုတ်ပြန် ချက်တွင် အီရန်မှ ရေနံ ဝယ်ယူ မှုလျှော့ ချရေး၊ တရား ဝင်ပြ ဋ္ဌာန်း ထားသည့် အရေး ယူပိတ် ဆို့မှု ဥပ ဒေကို အပြည့် အဝ အသုံး ချရေး၊ ပိတ်ဆို့ ထားမှု ကိုတိမ်း ရှောင်လျက် အီရန်မှ ရေနံ ဝယ်ယူရေး ကိစ္စ များတွင် ငွေပေး ချေလွှဲ ပြောင်းမှု ကိုတား မြစ်ပိတ် ပင်ရေး တို့ ပါ ဝင်ပါသည်။ ၂ဝ၁၁ ခုနှစ် အကုန် ပိုင်းတွင် အမေ ရိကန် သမ္မတ လက်မှတ် ရေးထိုး ခဲ့သော ဥပ ဒေ အရ နိုင်ငံ တကာ ဘဏ္ဍာ ရေးအဖွဲ့ အစည်း များနှင့် အစိုးရ များသည် ၂ဝ၁၂ ခုနှစ် ဇွန်လ ၂၈ ရက်နေ့ အထိ အီရန်မှ ရေနံ ဝယ်ယူခြင်း မပြု ရန်နှင့် လိုက်နာ မှုမ ရှိပါက အမေ ရိကန် ဘဏ္ဍာရေး ဈေးကွက် အခွင့် အလမ်း ကိုလည်း ပိတ်သိမ်း သွားမည် ဖြစ်ပါသည်။ ဂျပန်၊ အိန္ဒိယ၊ မေ လးရှား၊ တောင် ကိုရီး ယားနှင့် တရုတ် နိုင်ငံ တို့အ ပါအဝင် စီးပွား ရေးလုပ်ငန်း ပေါင်း ၂ဝ သည် အီရန်မှ ရေနံ လျှော့ပေါ့ ဝယ်ယူ ခဲ့သဖြင့် အမေ ရိကန်၏ စီးပွား ရေး ဆိုင်ရာ မျက်နှာ သာပေး မှုကို ရရှိ ခဲ့ပါသည်။ တရုတ် နိုင်ငံမှ Kunlun  ဘဏ်နှင့် အီရတ် နိုင်ငံမှ  Elaf Islamic ဘဏ် တို့သည် အီရန် ဘဏ် ကိုယ်စား ငွေလွှဲ ပြောင်း မှုများကို ဆောင်ရွက် ပေးခဲ့ သောကြောင့် အမေ ရိကန် ဘဏ္ဍာရေး ဝန်ကြီး ဌာနက ၄င်း ဘဏ် များအ ပေါ်အ ရေးယူ ပိတ်ဆို့ မှုများ ပြုလုပ် ခဲ့မှု အပေါ် သမ္မတ  အိုဘား မားက ကြေညာ ချက် တစ်စောင် ထုတ်ပြန် ခဲ့ပါသည်။ 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်