Sunday, August 05, 2012

ရုရှားနိုင်ငံသည် ခေတ်မီ Mi-8 ရဟတ်ယာဉ် ၄ဝဝ ကျော် ထပ်မံဖြည့်တင်း သွားမည်ဆိုခြင်း

Posted by drmyochit Sunday, August 05, 2012, under | No comments

RIA Novosti.com;Aug-2(Thu)

ရုရှား လေတပ်မ တော်သည် ၂ဝ၂ဝ ပြည့် နှစ်တွင် ခေတ်မီ  Mi-8 စစ်မြေ ပြင်ထောက် ပံ့ပို့ ဆောင်ရေး ရဟတ် ယာဉ်အစီး ရေ ၄ဝဝ ကျော် ထပ်မံ ဖြည့်တင်း သွားမည် ဖြစ်ကြောင်း ဗိုလ်မှူးကြီး ဗလာဒီမာ ဒရစ်က သြဂုတ်လ ၂ ရက်နေ့ တွင် ပြောကြား ခဲ့ပါသည်။ ၂ဝ၁၂ ခုနှစ်၊ နှစ်ကုန် ပိုင်းတွင် အဆိုပါ ရဟတ် ယာဉ် ၅ဝ ကျော်ကို စတင် တာဝန် ထမ်းဆောင် စေမည် ဖြစ်ပြီး လာမည့် ၂ဝ၂ဝ ပြည့် နှစ်တွင် ရုရှား လေတပ်သည် အဆိုပါ Mi-8 အမျိုး အစားသစ် ရဟတ် ယာဉ်အ စီးရေ ၄ဝဝ ကျော် ရရှိ နိုင်အောင် စီမံ ဆောင်ရွက် ထားကြောင်း ၄င်းက ဆက်လက် ပြောကြားခဲ့ ပါသည်။ နောက်ဆုံး ပေါ်  Mi-8 AMTSh ESifh  Mi-8 MTV5-1 ရဟတ်ယာဉ် တို့အား ရုရှား နိုင်ငံ အရှေ့တောင်ပိုင်း  Zhukovsky ပြည်နယ် ၌ သြဂုတ်လ ၁၂ ရက်နေ့တွင် ကျင်းပ ပြုလုပ်မည့်  '' Common Sky ''  အမည် ရသော ရုရှား လေတပ်၏ နှစ် ၁ဝဝ ပြည့် အခမ်း အနား၌ ပြသ သွားမည် ဖြစ်ပါသည်။ Mi-8 အမျိုး အစား ရဟတ်ယာဉ် များသည် လေတပ်တွင် အများဆုံး အသုံးပြု ခဲ့သော ရဟတ် ယာဉ်များ ဖြစ်ပြီး အခြား သောရ ဟတ်ယာဉ် များထက် လည်းအ ရေအတွက် ပိုမို ထုတ်လုပ် ထားကြောင်း သိရှိ ရပါသည်။ နှစ်ပေါင်း ၅ဝ ကာလ အတွင်း ရုရှား ကာကွယ်ရေး ဝန်ကြီး ဌာနသည် ရဟတ်ယာဉ် အမျိုး အစားပေါင်း ၃ဝ ကျော်ကို တိုက်ခိုက် ရေး၊ သယ်ယူ ပို့ဆောင် ရေး၊ ရေဒါ ရှောင်ကွင်း နိုင်ရေး၊ ကွပ်ကဲမှု၊ ဆက်သွယ် ရေး၊ ရှာဖွေ ရေးနှင့် ကယ်ဆယ်ရေး ကဏ္ဍ စုံတွင် အသုံး ပြုနိုင် စေရန် အဆင့် မြှင့်တင် ဆောင်ရွက် ခဲ့ရကြောင်း သိရှိရ ပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်