Sunday, August 05, 2012

အမေရိကန်နှင့် ပူးပေါင်းဆောင်ရွက် ခြင်းသည် အပြန်အလှန် ယုံကြည်မှု ပေါ်တွင် အခြေခံရမည် ဖြစ်ကြောင်း ပါကစ္စတန် ကြည်းတပ် အကြီးအကဲက ပြောကြားခဲ့ခြင်း

Posted by drmyochit Sunday, August 05, 2012, under | No comments

Xinhuanet.com;Aug-3(Fri)

ပါကစ္စတန်-အမေရိကန် ဆက်ဆံ ရေးသည် အပြန်အလှန် ယုံကြည်မှု၊ အလေး ထားမှုနှင့် ပွင့်လင်း မြင်သာ ရှိမှုတို့ အပေါ်တွင် အခြေခံ သင့်ကြောင်း ပါကစ္စတန် ကြည်းတပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Ashfaq Parvez Kayani က ပါကစ္စ တန်နိုင် ငံတွင် အလည် အပတ် ခရီး ရောက်ရှိ နေသော အာဖဂန် နစ္စတန်ရှိ အမေ ရိကန် ထိပ်တန်း တပ်မှူး ဗိုလ်ချုပ်ကြီး  John Allen အား သြဂုတ်လ ၂ ရက်နေ့တွင် ပြောကြား ခဲ့သည်ဟု စစ်ဘက်က ပြောကြား ခဲ့ပါသည်။

 ထိပ်တန်း စစ်ဘက် တပ်မှူး ၂ ဦးသည် Rawalpindi ရှိ ပါကစ္စ တန်ကြည်း တပ်ဌာန ချုပ်၌ တွေ့ဆုံ ခဲ့ကာ ဆက်စပ်လျက် ရှိသော နယ်စပ် ပူးပေါင်း ဆောင်ရွက် မှုဆက်ဆံ ရေးကိစ္စ ရပ်များအား ဆွေးနွေး ခဲ့ကြကြောင်း သိရှိရ ပါသည်။ ထိုတွေ့ဆုံ ဆွေး နွေးပွဲသည် အာဖဂန် နစ္စတန်ရှိ နေတိုး တပ်ဖွဲ့ များနှင့် ပါကစ္စ တန်စစ် ဘက်အကြား စစ်ဆင် ရေးဆိုင် ရာနား လည်မှု ရယူ ခြင်းနှင့် စစ်ရေး ဆိုင်ရာ မဟာဗျူဟာ အစီအစဉ် တိုးမြှင့် နိုင်ရေး အတွက် အထောက် အပံ့ ဖြစ်စေ မည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး Kayani က ပြောကြား ခဲ့ပါသည်။ အာဖဂန် နစ္စတန်ရှိ နေတိုး တပ်ဖွဲ့များ အတွက် ထောက်ပံ့ ရေးလမ်း ကြောင်းအား ပါကစ္စ တန်နိုင် ငံက ဖွင့်လှစ် ပေးပြီး နောက်တွင် နိုင်ငံ တကာ လုံခြုံမှု အထောက် အကူပေး ရေးတပ်ဖွဲ့၏ တပ်မှူး ဖြစ်သူ ဗိုလ်ချုပ်ကြီးJohn Allen သည် ပါကစ္စတန်သို့ ပထမဆုံး လာရောက်လည် ပတ်ခဲ့သော အမေရိကန် ထိပ်တန်း ဗိုလ်ချုပ် ကြီးလည်း ဖြစ်ပါ သည်။အဆိုပါ တွေ့ဆုံဆွေး နွေးပွဲသည် နိုင်ငံတကာ လုံခြုံမှု အထောက် အကူပေး ရေးတပ်ဖွဲ့၊ ပါကစ္စတန် စစ်ဘက်နှင့် အာဖဂန် နစ္စတန် အမျိုးသား လုံခြုံရေး တပ်ဖွဲ့ တို့အကြား စစ်ဆင် ရေးဆိုင် ရာပူးပေါင်း ဆောင်ရွက်မှု မြှင့်တင် နိုင်ရေး အတွက် နောက်ထပ် အခွင့်အလမ်း တစ်ရပ်ပင် ဖြစ်ကြောင်း ကြည်းတပ် ထုတ်ပြန် ချက်၌ ဖော်ပြ ထားပါသည်။
ထိုတွေ့ ဆုံဆွေး နွေးပွဲတွင် မိတ်ဖက် ဆက်ဆံ ရေးတိုး ချဲ့ရန်၊ အရေး ပါသော အလုပ်အား ဆက်လက် ဆောင်ရွက် ရန်အဓိက ကျသော အနာဂတ်၏ အရေး ကြီးသည့် အခွင့်အလမ်းများ ဖြစ်ကြောင်း ပါကစ္စတန် စစ်ဘက်၊ နိုင်ငံတကာ လုံခြုံ မှု အထောက် အကူပေး ရေးတပ်ဖွဲ့နှင့် အာဖဂန် အမျိုးသား လုံခြုံရေး တပ်ဖွဲ့ အဆင့်မြင့် ခေါင်းဆောင် များမှ လက်ခံ သဘော တူခဲ့ကြ ပါသည်။မိမိတို့၏ မိတ်ဖက် ဆက်ဆံရေး တဖြည်းဖြည်း တိုးတက်လာ ခြင်းအပေါ် ကျေနပ် အားရ ကြောင်း တွေ့ဆုံ ဆွေးနွေးပွဲ၌ ဗိုလ်ချုပ်ကြီး က ပြောကြား ခဲ့ကြောင်း သိရှိရပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်