Sunday, August 05, 2012

PNLO နှင့် အစိုးရတို့ နိုင်ငံရေးဆွနွေးရန် တွေ့ဆုံတော့မည်

Posted by drmyochit Sunday, August 05, 2012, under | No comments



ဂျူရီချိုင်း – ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)က မြန်မာအစိုးရ ငြိမ်းချမ်းရေးကိုယ်စား လှယ်အဖွဲ့နှင့် ယခု လကုန်ပိုင်းတွင် ျပည္နယ္အဆင့္တြေ့ဆုံဆြေးနြေးမည္ဟု အဖွဲ့ချုပ် ဥက်ကဌ ခွန်ဥက်ကာက ပြောသည်။
 (PNLO)အတွင်းရေးမှူး ဦးခွန်မြင့်ထွန်း ခေါင်းဆောင်သည့် အဖွဲ့ဝင် (၇) ဦးနှင့် မီးရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးကိုယ်စား လှယ်အဖွဲ့တို့သည် ပြီးခဲ့သည့် ဇူလိုင်လ (၂၇) တွင် ရန်ကုန်မြို့၌တွဆေုံ့ခဲ့ပြီး ယခုကဲ့သို့ နိုင်ငံရေးဆွေးနွေးရန် နှစ်ဦးနှစ်ဖက်ဆုံးဖြတ်ခဲ့သည်ဟု ခွန်ဥက်ကာက ပြောသည်။
 ၎င်းင်းက “အမှန်မှာ ကျနော်တို့အဖွဲ့က နိုင်ငံရေးဆွေးနွေးဖို့အတွက်ကို ပြင်ဆင်သွားတာပါ၊ ဦးအောင်မင်းနှင့်တွတေဲ့အခါမှာ သူက ဒီကြားမှာ မအားလပ်သေးဘူး အဆင်မပြေသေးဘူး လို့ပြောတယ်။ အဲကြောင့် သြဂုတ်လမှာ အျပီးအျပတ္ဆြေးနြေးဖို့ ဆုံးဖြတ် လိုက်ကြတယ်” ဟု ပြောသည်။
 ဝန်ကြီးဦးအောင်မင်းနှင့် နိုင်ငံရေးဆွေးနွေးရာတွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ အလွတ်သဘော တွဆေုံ့ချိန်က ပမာဏသဘောတူညီခဲ့သည့် အချက်များကို အဓိကထား ဆွေးနွေးသွားမည်ဖြစ်ပြီး နှစ်ဖက်စလုံး ပြေလည်မှုရရှိပါက တရားဝင် ပြည်နယ်အဆင့် သဘောတူ လက်မှတ်ရေးထိုးဖွယ်ရှိ ဟု ခွန်ဥက်ကာက ပြောသည်။
 လာမည့္ဆြေးနြေးပြဲကို ရှမ်းပြည်နယ် တောင်ကြီးမြို့တွင်ပြုလုပ်မည်ဖြစ်ပြီး ဆွေးနွေးပွဲတွင် ပါဝင်မည့် PNLO ၏ ကိုယ်စား လှယ်များကိုမူ ပြန်လည်ရွေးချယ်မည်ဟု ခွန်ဥက်ကာက ပြောသည်။
 PNLO သည် အစိုးရနှင့် နိုင်ငံရေးဆွေးနွေးရန် ဇူလိုင်လ (၂၃)နေ့ မှ (၂၆) ရက်နေ့အထိ ရှမ်းပြည်နယ် တောင်ကြီးမြို့၊ မွန်ပြည်နယ် သထုံမြို့နှင့် ရန်ကုန်မြို့တို့ရှိ ပအိုဝ်း လူမှုအဖွဲ့ အစည်းများကြားတွင် လူထုရှင်းလင်းပွဲ ပြုလုပ်ပြီး စစ်တမ်းသဘောထား ကောက်ယူ ခဲ့သည်။
 ၂၀၁၀ ခုနှစ်၊ ဒီဇင်ဘာလနှောင်းပိုင်းတွင် ဦးအောင်မင်းနှင့် PNLO ဥက်ကဌ ခွန်ဥက်ကာတို့ ပထမအကြိမ်တွဆေုံ့ခဲ့ပြီး ယခုနှစ် ဖေဖေါ်ဝါရီလ (၅) ရက်နေ့တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ဒုတိယအကြိမ် ထပ်မံ တွဆေုံ့ခဲ့ရာ PNLO က အချက် (၁၁) ချက်ကို တင်ပြတောင်းဆိုခဲ့သည်။
 ၎င်းင်းတောင်းဆိုချက်များတွင် PNLOနှင့် အစိုးရတို့အကြား အပစ်အခတ်ရပ်စဲရေး ပဏာမသဘော တူညီရန်၊ တစ်ပြည် လုံးအတိုင်းအတာအရ အပစ်အခတ်ရပ်စဲရေးကို ပြည်ထောင်စုအစိုးရက တရားဝင်ကြေညာပေးရန်၊ အပစ်အခတ်ရပ်စဲပြီး ရက်ပေါင်း (၆၀) အတွင်း ပြည်ထောင်စုအစိုးရနှင့် နိုင်ငံရေးအင်အားစုများ နိုင်ငံရေးတွဆေုံ့ဆွေးနွေးရန်တို့လည်း ပါဝင်သည်။
 ထို့နောက် ဦးအောင်မင်းခေါင်းဆောင်သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် PNLOမှ ဥက်ကဌ ဦးခွန်ဥက်ကာ၊ အထွထွေအေတွင်းရေးမှူး ဦးခွန်မြင့်ထွန်းတို့သည် ပြီးခဲ့သည့် ဇွန်လ (၂၇) ရက်နေ့တွင် ဘန်ကောက်မြို့၌ တွဆေုံ့စဉ် အပစ်အ ခတ်ရပ်စဲရေး အချက် (၆) ချက်ကို မူးအားဖြင့် သဘောတူခဲ့ကြသည်။
 PNLO တောင်းဆိုထားသည် အချက် (၁၁)ချက်ထဲမှ တချို့အချက်များကို ချက်ချင်းသဘောတူရန် အဆုံးအဖြတ် မပေး နိုင်သေးသဖြင့် ယင်းတောင်းဆိုချက်များကို နိုင်ငံတော်သမ်မတထံသို့ တင်ပြရဦးမည်ဟု ဦးအောင်မင်းက ပြောခဲ့ကြောင်း ဦးခွန်ဥက်ကာက ပြောသည်။
 ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)သည် ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့ လွတ် မြောက်ရေးအဖွဲ့ချုပ်(ရလလဖ)မှ ခွဲထွက်တည်ထောင်ခဲ့သည့်အဖွဲ့ဖြစ်ပြီး ရှမ်းပြည်တောင်ပိုင်း ထိုင်း-မြန်မာနယ်စပ်တွင် အခြေစိုက် လှုပ်ရှားလျှက်ရှိသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်