Sunday, August 05, 2012

တူရကီနိုင်ငံသည် ဆီးရီးယားနိုင်ငံနယ်စပ်အနီး၌ စစ်အင်အားပြသလျက် ရှိသည်ဆိုခြင်း

Posted by drmyochit Sunday, August 05, 2012, under | No comments


PressTV.com;Aug-3(Fri)

တူရကီ နိုင်ငံ အနေဖြင့် နယ်စပ် ဒေသ တစ်ခု၌ တင့်လေ့ ကျင့်ခန်း တစ်ခုအား ပြုလုပ်ခဲ့ ပြီးနောက် တစ်ရက် အကြာ တွင် တူရကီ နိုင်ငံ အရှေ့ တောင်ပိုင်း ဆီးရီးယား နယ်စပ် ၌ စစ်ရေး လေ့ကျင့် ခန်းတစ် ခုအား တူရကီ စစ်ဘက် မှ ဆက်တိုက် ပြုလုပ် ခဲ့ပါသည်။ အဆိုပါ စစ်ရေး လေ့ကျင့် ခန်းအား Sanliurfa ခရိုင် Mursitpinar ဒေသ ၌ ပြုလုပ် ခဲ့ခြင်း ဖြစ်ပြီး တင့်ကား များ၊ သံချပ်ကာ လူသယ် ယာဉ်များနှင့် ဒုံးပျံ ပစ်စင်များ အပါ အဝင် အကြီးစား စစ်လက်နက် ပစ္စည်းများ အား စမ်းသပ် လေ့ကျင့် ခဲ့ကြောင်း AFP သတင်း ဌာနမှ သြဂုတ်လ ၂ ရက် နေ့တွင် ထုတ်ပြန် ခဲ့ပါသည်။ ဆီးရီးယား နယ်စပ်မှ ၂ ကီလိုမီတာအကွာခန့်ရှိ Mardin ခရိုင်Nusaybin  ဒေသ၌ တင့်လေ့ကျင့်ခန်းတစ်ခုအား တူရကီနိုင်ငံ မှ ဆောင်ရွက် ခဲ့ပြီး နောက်တစ်ရက်အ ကြာတွင်  ၄င်း စစ်ရေး လေ့ကျင့် ခန်းအား ဆက်လက် ပြုလုပ်ခဲ့ ခြင်းဖြစ် ပါသည်။

ဆီးရီးယား သမ္မတ ဘက်ရှာ အယ်လ် အာဆတ်အား ဆန့်ကျင် တိုက်ခိုက် လျက်ရှိသည့် လက်နက် ကိုင် အုပ်စု များအား တူရကီ နိုင်ငံမှ စစ်ပစ္စည်း များနှင့် ဆက်သွယ်ရေး ပစ္စည်း များအား ထောက်ပံ့ ပေးလျက် ရှိကြောင်း စွပ်စွဲ ပြောကြား မှုများပေါ် ထွက်လျက် ရှိပါသည်။ ဆီးရီးယား အစိုး ရအား ဆန့်ကျင်သည့် လက်နက် ကိုင် အဖွဲ့များအား စစ်ရေး အကူ အညီများ ပေးရန် အတွက် ဆီးရီးယား နယ်စပ် အနီး၌ တူရကီ နိုင်ငံသည် ဆော်ဒီ အာရေ ဗျနှင့် ကာတာ နိုင်ငံ တို့နှင့် အတူ လျှို့ဝှက် အခြေ စိုက်စခန်း တစ်ခုအား တည်ထောင် ခဲ့ပါသည်။ ဆီးရီးယား နိုင်ငံသည် ၂ဝ၁၁ ခုနှစ် မတ်လမှ စ၍ လက်နက် ကိုင်အဖွဲ့ အကြမ်းဖက် မှုများ ဖြစ်ပွား လျက်ရှိ ပါသည်။ အဆိုပါ ပဋိ ပက္ခများ အတွင်း ၌ လုံခြုံရေး တပ်ဖွဲ့များ အပါ အဝင် ပြည်သူ အများ အပြား သေဆုံး ခဲ့ရ ပြီးဖြစ် ပါသည်။ အဆိုပါ အကြမ်းဖက် မှုများ ဖြစ်ပွား ရခြင်း သည် ဝရမ်း ပြေးများ၊ အဖျက် သမား များနှင့် လက်နက်ကိုင် အကြမ်းဖက် သမား များကြောင့် ဖြစ်သည်ဟု ဆီးရီးယား နိုင်ငံမှ အခိုင် အမာ ပြောကြား လျက်ရှိပြီး ၄င်း တို့သည် ပြည်ပ နိုင်ငံ များနှင့် စည်းဝါးရိုက် ပြုလုပ်ခဲ့ ခြင်းပင် ဖြစ်ကြောင်း စွပ်စွဲ ပြောကြား လျက်ရှိ ပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်