Sunday, August 05, 2012

အာဖဂန်နစ္စတန်တွင် နေတိုးတပ်ဖွဲ့၏ စစ်ရေးလုပ်ငန်းများကို ဆက်လက် ထောက်ပံ့ကူညီမည် ဖြစ်ကြောင်း ရုရှားသမ္မတပူတင်က ပြောကြားခဲ့ခြင်း

Posted by drmyochit Sunday, August 05, 2012, under | No comments

RIA Novosti.com;Aug-2(Thu)

ရုရှား နိုင်ငံ အနေဖြင့် ဒုက္ခ မျိုးစုံ ကြုံတွေ့ နေရသည့် အာဖဂန် နစ္စတန် နိုင်ငံ အတွက် နေတိုး အဖွဲ့၏ လုံခြုံမှု စစ်ဆင် ရေး လုပ်ငန်း များအပေါ် ဆက်လက် ထောက်ပံ့ ကူညီ သွားမည် ဖြစ်ကြောင်း ရုရှား သမ္မတ ဗလာ ဒီမာ ပူတင်က သြဂုတ်လ ၂ ရက်နေ့တွင် ထပ်လောင်း ပြောကြား ခဲ့ပါသည်။

လက်ရှိ အခြေ အနေတွင် နေတိုး တပ်ဖွဲ့ ဝင်များ အနေဖြင့် အာဖဂန် နစ္စ တန်၌ ဆက်လက် တည်ရှိနေရ မည်ဖြစ်ကြောင်း၊ မိမိတို့ အနေ ဖြင့်လည်း ၄င်း တို့အား အကူ အညီ ပေးသွား မည်ဖြစ် ကြောင်း၊ နေတိုး အဖွဲ့၏ လုပ်ဆောင် မှုအပေါ် ထောက်ပံ့ ကူညီ ခြင်းဖြင့် မိမိ တို့၏ တောင်ပိုင်း နယ်စပ် ဒေသ ငြိမ်းချမ်းမှု အကျိုး ရလဒ်အား ရရှိ လာစေမည် ဖြစ်ကြောင်း ရုရှား လေကြောင်း ချီတပ် ဖွဲ့မှ စစ်သည် များ၊ စစ်မှု ထမ်း ဟောင်း များနှင့် တွေ့ဆုံစဉ် ပူတင်က ပြောကြား ခဲ့ခြင်း ဖြစ်ပါသည်။ ရုရှား နိုင်ငံသည် လွန်ခဲ့ သောနှစ် များအတွင်း ယခင် ဆိုဗီယက် ပြည်ထောင်စုဝင်ဗဟို အာရှ နိုင်ငံ များအား ဖြတ်သန်း ၍ အာဖဂန် နစ္စတန် နိုင်ငံမှ မူးယစ် ဆေးဝါး ကုန်ကူး မှုအား တိုက်ဖျက်ရာတွင် နေတိုးတပ်ဖွဲ့ များနှင့် ပူးပေါင်း ဆောင်ရွက် ခဲ့ကြောင်း၊ မူးယစ် ဆေးဝါး ထုတ်လုပ် သည့်နေရာ များအား ဝင်ရောက် စီးနင်း တိုက်ခိုက် ခြင်းနှင့် မူးယစ် ဆေးဝါး တိုက်ဖျက် ရေးအရာရှိ များကို လေ့ကျင့် ပေးရာ ၌လည်း အကူ အညီများ ပေးခဲ့ကြောင်း သိရှိရပါသည်။
သို့သော် ရုရှား နိုင်ငံသည် တာလီဘန် နှိမ်နင်းရေး စစ်ပွဲတွင် ပူးပေါင်း ပါဝင် ဆောင်ရွက် ရန်အတွက် တပ်ဖွဲ့ ဝင်များ ကို စေလွှတ်မည် မဟုတ်ကြောင်း ပူတင်က ထပ်လောင်း ပြောကြား ခဲ့ပါသည်။ ရုရှား နိုင်ငံသည် အာဖဂန် နစ္စတန် နိုင်ငံ တွင်းနှင့် ပြင်ပ သို့ နေတိုး တပ်ဖွဲ့၏ မြေပြင်နှင့် လေကြောင်း ကုန်ပစ္စည်း ထောက်ပံ့ ပို့ဆောင်မှုများ အတွက်ပံ့ပိုး ကူညီမှုများ ပြုလုပ် ခဲ့ပြီး မကြာ သေးမီက နေတိုးတပ်ဖွဲ့ များအား အာဖဂန် နစ္စတန် နိုင်ငံမှ ၂ဝ၁၄ ခုနှစ် တွင် ထွက်ခွာ ရေး အဆင် ပြေစေ ရန်အတွက် Ulyanovsk ဒေသတွင် နေတိုး တပ်ဖွဲ့၏ သယ်ယူ လွှဲပြောင်း ရေးဗဟိုဌာန လက်ခံ ထားရှိရေး ကို သဘော တူခဲ့ ပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်