Sunday, August 05, 2012

တရုတ်နိုင်ငံသည် လက်နက်ပြိုင်ဆိုင်မှုတွင်ပါဝင်မည်မဟုတ်ဟုဆို

Posted by drmyochit Sunday, August 05, 2012, under | No comments


            တရုတ် နိုင်ငံ အနေဖြင့် နိုင်ငံ၏ လုံခြုံ ရေးလို အပ်ချက် များနှင့် အမျိုး သားရေး အင်အား တောင့်တင်း မှုအပေါ် အခြေ ခံ၍ လက်နက် များကို တပ်ဆင် ရန်ကြိုး ပမ်းနေ သော်လည်း ထိုကဲ့သို့ စစ်ဘက် ဖွံ့ဖြိုး တိုးတက် မှုများသည် မည်သည့် နိုင်ငံ ကိုမျှ ခြိမ်းခြောက် မှုမ ဖြစ်စေ ကြောင်းနှင့် လက်နက် ပြိုင်ဆိုင် မှုတွင် ပါဝင် သွားမည် မဟုတ် ကြောင်း တရုတ် ပြည်သူ့ လွတ် မြောက်ရေး တပ်မတော် စစ်ဦးစီး ဌာန၏ အရေးပေါ် တုံ့ပြန် ရေးရုံး ဒုတိယ ညွှန်ကြား ရေးမှူး ဗိုလ် မှူးကြီး Wu Xihua က ဇူလိုင်လ ၃၁ ရက် နေ့တွင် ပြောကြား ခဲ့သည်ဟု Xinhua သတင်း တစ်ရပ် အရ သိရှိ ရပါသည်။ တရုတ် တပ်မ တော်၏ ဖွံ့ဖြိုး တိုးတက် လာနေ မှုသည် မည်သည့် နိုင်ငံ ကိုမျှ ခြိမ်းခြောက် မှုမ ဖြစ်စေကြောင်း၊ ထိုကဲ့ သို့ဖွံ့ ဖြိုးတိုး တက်အောင် လုပ်ဆောင် ခြင်းသည် နိုင်ငံ၏ အချုပ် အခြာ အာဏာ ပိုင်ဆိုင်မှု၊ လုံခြုံ ရေးနှင့် ဖွံ့ဖြိုး တိုးတက် မှုအ ကျိုးစီး ပွားများအား ကာကွယ် ရန်အ တွက်ရည် ရွယ်ခြင်း ဖြစ်ကြောင်း ဗိုလ် မှူးကြီး Wu က (၈၅) နှစ် မြောက် တရုတ် ပြည်သူ့ လွတ်မြောက ရေးတပ် မတော် တည်ထောင် ခြင်းအ ခမ်းအ နားမ တိုင်မီ သတင်း စာရှင်း လင်းပွဲ၌ ထိုကဲ့သို့ မှတ်ချက် ပြုပြော ကြားခဲ့ ခြင်းဖြစ် ပါသည်။ သို့ရာတွင် တရုတ် စစ်ဘက် ခေတ်မီ စေရေး လုပ်ဆောင် ရာတွင် တိုးတက် မှုရှိ နေသော် လည်း တရုတ် စစ်အင် အားနှင့် ကမ္ဘာ့ ခေတ်မီ တပ်မ တော်များ အကြား ကွာဟ ချက်ကြီး မားနေ ဆဲဖြစ် ကြောင်း ဗိုလ် မှူးကြီး Wu က ပြောကြား ခဲ့ပါသည်။ တရုတ် နိုင်ငံသည် အိမ်နီး ချင်း နိုင်ငံ များနှင့် ချစ်ကြည် ရင်းနှီး စွာဆက် ဆံရေး နိုင်ငံ ခြားရေး မူဝါ ဒတစ် ရပ်ကို အမြဲ တမ်းချ မှတ်လုပ် ဆောင်လျက် ရှိကြောင်း ၄င်း ကပြော ကြားခဲ့ ပါသည်။ တရုတ် နိုင်ငံ သည် နိုင်ငံ၏ အချုပ် အခြာ အာဏာ ပိုင်ဆိုင် မှုအား ကာကွယ် စောင့်ရှောက် ရေးနှင့် ပိုင်နက် နယ်မြေ တည်တံ့ ခိုင်မြဲ ရေးတို့ အတွက် လိုအပ် ချက် များနှင့် အညီ သင့်လျော် သလို စစ်လက် နက်ပစ္စည်း တပ်ဆင် မှုများ ပြုလုပ် သွားမည် ဖြစ်သည့် အပြင် ငြိမ်း ချမ်းစွာ ဖွံ့ဖြိုး တိုးတက် ရေးလမ်း ကြောင်း ကိုလည်း ဆက်လက် ချမှတ် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း တရုတ် ပြည်သူ့ လွတ် မြောက်ရေး တပ်မ တော်၏ လက်နက် ထုတ်လုပ် တပ်ဆင် ရေး ဌာနမှ ဗိုလ် မှူးကြီး Lin Bai  ကပြော ကြားခဲ့ သည်ဟု သိရှိ ရပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်