Sunday, August 05, 2012

ဂျပန် နိုင်ငံ၏ ၂ဝ၁၂ ခုနှစ် ကာကွယ်ရေး စက္ကူဖြူစာတမ်းနှင့် ပတ်သက်၍ တရုတ်နိုင်ငံက ပြစ်တင်ရှုတ်ချခဲ့ခြင်း

Posted by drmyochit Sunday, August 05, 2012, under | No comments

NHK.or.jp.com;Aug-1(Wed)
တရုတ် နိုင်ငံ၏ ကာကွယ် ရေးဆိုင်ရာ ဆောင်ရွက် ချက်များနှင့် ပတ်သက်၍ ဂျပန် အစိုးရ၏ ဝေဖန် ပြောဆို မှုသည် အခြေအမြစ် မရှိကြောင်း တရုတ် နိုင်ငံက ပြောကြား ခဲ့ပါသည်။ တရုတ် နိုင်ငံ၏ ကာကွယ် ရေးအသုံး စရိတ်သည် ၂၄ နှစ် တာကာလ အတွင်း အဆ ၃ဝ ခန့် တိုးမြှင့် သုံးစွဲ ခဲ့ကြောင်း ဂျပန် နိုင်ငံ၏ ၂ဝ၁၂ ခုနှစ် ကာကွယ်ရေး စက္ကူဖြူ စာတမ်း၌ ဇူလိုင်လ ၃၁ ရက် နေ့က ဖော်ပြ ထားပါသည်။ ၄င်းအပြင် တရုတ် နိုင်ငံသည် ပင်လယ် ရေကြောင်း ဆိုင်ရာ လှုပ်ရှား ဆောင်ရွက် မှုများ ကိုလည်း တိုးချဲ့ ဆောင်ရွက် လျက်ရှိကြောင်း ၄င်းစာ တမ်း၌ ဖော်ပြထား ပါသည်။

ဂျပန် နိုင်ငံသည် တရုတ် နိုင်ငံ၏ ပုံမှန် ဆောင်ရွက် နေသော အမျိုးသား ကာကွယ်ရေး တိုးတက် ဆောင်ရွက် မှုနှင့် စစ်ရေး လှုပ်ရှား မှုများ အပေါ် စွပ်စွဲ ပြောကြားကာ တရုတ် နိုင်ငံ၏ ပြည်တွင်း ရေးကို ဝေဖန် နေခြင်းသာ ဖြစ်ကြောင်း တရုတ် နိုင်ငံခြား ရေးဝန်ကြီး ဌာန ပြောခွင့် ရပုဂ္ဂိုလ် ဟောင်လီက ပြောကြား ခဲ့ပါသည်။
ဂျပန် နိုင်ငံ၏ အဆိုပါ ကာကွယ် ရေးအစီ ရင်ခံစာ အပေါ် တရုတ် နိုင်ငံအ နေဖြင့် ကျေနပ် မှုမရှိ ကြောင်းနှင့် ပြင်းပြင်း ထန်ထန် ကန့်ကွက် ကြောင်း ၄င်းက ဆက်လက် ပြောကြား ခဲ့ပါသည်။ မကြာသေး မီနှစ် များအတွင်း ဂျပန် နိုင်ငံသည် အကြောင်း ပြချက် အမျိုးမျိုး ပေးကာ အခြား သောနိုင်ငံ များနှင့် မဟာမိတ် ပြုခြင်း များကို တိုးမြှင့် ဆောင်ရွက် ခဲ့ပြီး ၄င်း၏ စစ်ရေး အင်အားနှင့် စွမ်းရည် ကိုတိုးချဲ့ ခဲ့ကြောင်း ၄င်းက ထပ်လောင်း ပြောကြား ခဲ့ပါသည်။ ဂျပန် နိုင်ငံ၏ မကျေ နပ်ချက် များသည် စစ်အေး တိုက်ပွဲ အတွေးအခေါ် အပေါ် အခြေ ခံကြောင်း၊ ဒေသ တွင်းတည်ငြိမ် ရေးအတွက် အသုံးမ ဝင်ကြောင်း ဆင်ဟွာ သတင်း ဌာနက သြဂုတ်လ ၁ ရက် နေ့တွင် ပြောကြား ခဲ့ပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်