Sunday, August 05, 2012

RIMPAC စစ်ရေးလေ့ကျင့်ခန်းအား အလွန်အလေးထားကြောင်း နယူးဇီလန် စစ်ဘက်က ပြောကြားခဲ့ခြင်း

Posted by drmyochit Sunday, August 05, 2012, under | No comments

Xinhuanet.com;Aug-2(Thu)

ကမ္ဘာ့ အကြီးဆုံး ရေတပ် စစ်ရေး လေ့ကျင့် ခန်း၌ ၂၈ နှစ်တာ ကာလ အတွင်းတွင် ပထမ ဆုံးအကြိမ် ပါဝင် ဆောင်ရွက် လျက်ရှိသော နယူး ဇီလန် နိုင်ငံသည် အဆိုပါ စစ်ရေး လေ့ကျင့်ခန်း အပေါ် အလွန် အလေး ထားကြောင်း နယူး ဇီလန် စစ်ဘက်က သြဂုတ်လ ၂ ရက် နေ့တွင် အခိုင် အမာ ပြောကြား   ခဲ့ပါသည်။

RIMPAC  စစ်ရေး လေ့ကျင့်ခန်း (Rim of the Pacific) တွင် ပါဝင် ဆောင်ရွက် နေသော နယူး ဇီလန် ကာကွယ်ရေး တပ်ဖွဲ့ (NZDF) မှ တပ်ဖွဲ့ ဝင်များ သည် နိုင်ငံ တကာ အဆင့် ဆိုင်ရာ စွမ်းရည် များနှင့် ၄င်း တို့၏ ကျွမ်းကျင် မှုများအား လက်တွေ့ ပြသ ခဲ့ကြောင်း NZDF မှ ထုတ်ပြန်သော ကြေညာ ချက်တစ် စောင်တွင် ဖော်ပြ ထားပါသည်။
NZDF သည် ခက်ခဲ နက်နဲပြီး ကြီးမား ကျယ်ပြန့် သော စစ်ရေး လေ့ကျင့် ခန်း၏ အစိတ် အပိုင်း အဖြစ် နိုင်ငံ အများ အပြားနှင့် အတူ တကွ လေ့ကျင့် ဆောင်ရွက် ရန် ထူးခြား သောအ ခွင့်အ လမ်းတစ် ရပ်ရ ရှိခဲ့ပြီး RIMPAC စစ်ရေး လေ့ကျင့်ခန်း အပေါ် ထိရောက် သော ကူညီ ထောက်ပံ့ မှုများ ပြုလုပ် ခဲ့ကြောင်း နယူး ဇီလန် ပူးတွဲ တပ်ဖွဲ့များတပ်မှူး ဗိုလ်ချုပ် Dave Gawn က ပြောကြား ခဲ့ပါသည်။ နယူးဇီလန် နိုင်ငံမှ HMNZS ဖရီးဂိတ် စစ်သ င်္ဘောနှင့် HMNZS Endeavour  ရေယာဉ်စု ထောက်ပံ့ ရေး ရေယာဉ် တို့ပါဝင်သော ရေတပ် သင်္ဘော ၂ စီး၊ ရေတပ်၏ ရေအောက် စစ်ဆင် ရေးဆိုင် ရာအဖွဲ့၊ မိုင်း တန်ပြန် စစ်ဆင် ရေးအဖွဲ့နှင့် ရေကြောင်း သွားလာမှု စောင့်ကြည့် ရေးအဖွဲ့၊ ကြည်းတပ် ရိုင်ဖယ် တပ်စု တစ်စုနှင့် P-3KOrion လေတပ် လေယာဉ်တစ်စင်း တို့မှာအဆိုပါ စစ်ရေးလေ့ကျင့် ခန်းတွင်ပါဝင် ဆောင်ရွက်လျက်ရှိ ပါသည်။
ဟာဝိုင်အီကျွန်းနှင့် အမေရိကန် ပြည်မကြီးပေါ်ရှိ ဆန်ဒီ ရာဂိုမြို့ ဝန်းကျင် တွင် ဇွန်လ ၂၉ ရက် နေ့က စတင် ဆောင်ရွက် ခဲ့သော RIMPACစစ်ရေး လေ့ကျင့် ခန်းတွင် နိုင်ငံ ပေါင်း ၂၂ နိုင်ငံမှ သင်္ဘောနှင့် ရေငုပ် သင်္ဘော ၄ဝ ကျော်၊ လေယာဉ် ၂ဝဝကျော်နှင့် တပ်ဖွဲ့ဝင် ၂၅,ဝဝဝ တို့ ပါဝင် ဆောင်ရွက် လျက်ရှိပြီး  သြဂုတ်လ ၃ ရက်နေ့ တွင် ပြီးဆုံး မည်ဖြစ်ပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်