Sunday, August 05, 2012

တရုတ်နှင့် ထိုင်ဝမ် တို့သည် (၁၈) ကြိမ်မြောက် စေ့စပ် ညှိနှိုင်းရေး ဆွေးနွေးပွဲကို တိုင်ပေတွင် ကျင်းပ ပြုလုပ် သွားမည်ဟုဆို

Posted by drmyochit Sunday, August 05, 2012, under | No comments



            တရုတ် နှင့် ထိုင်ဝမ် တို့မှ ရေလက် ကြားဖြတ် ကျော်ဆက် ဆံရေး ဆိုင်ရာ စေ့စပ် ညှိနှိုင်း ရေးမှူး များသည် (၁၈) ကြိမ် မြောက် စေ့စပ် ညှိနှိုင်း ရေးဆွေး နွေးပွဲ များအား သြဂုတ်လ ၉ ရက်နေ့တွင် တိုင်ပေ မြို့၌ ကျင်းပ ပြုလုပ် သွားမည်ဖြစ် ကြောင်း သြဂုတ်လ ၁ ရက်နေ့ Xinhua  သတင်း တစ်ရပ် အရ သိရှိ ရပါသည်။ တရုတ် နိုင်ငံ အခြေ စိုက်ရေ လက်ကြား ဖြတ်ကျော် ဆက်ဆံ ရေးအဖွဲ့ (ARATS) ဥက္ကဋ္ဌ  Chen Yunlim  နှင့် ထိုင်ဝမ် အခြေ စိုက်ရေ လက်ကြား ဖြတ်ကျော် အပြန် အလှန် ဆက်ဆံ ရေးအဖွဲ့ (SEF) ဥက္ကဋ္ဌ Chiang Pin-kung တို့သည် ရင်းနှီး မြှုပ်နှံ မှုအ ကာအ ကွယ်ပေး ရေးဆိုင်ရာ သဘော တူညီ ချက်တစ် ရပ်နှင့် ပတ်သက် ၍

 ဆွေးနွေး သွားမည် ဖြစ်ကြောင်း သိရှိ ရပါသည်။ ထို့ပြင် တရုတ် နှင့်ထိုင်ဝမ် တို့သည် တစ်ဘက် နှင့် တစ်ဘက် အကောက် အခွန် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက် ရေးနှင့် ပတ်သက် ၍ ဆွေးနွေး သွားမည် ဖြစ်ပြီး သဘော တူညီ ချက်တစ် ရပ်အား လက်မှတ် ရေးထိုး သွားမည် ဖြစ်ကြောင်း တရုတ် ကွန်မြူ နစ် ပါတီ ဗဟို ကော်မ တီ၏ ထိုင်ဝမ် လုပ်ငန်း ရုံးက သြဂုတ် လ ၁ ရက်နေ့ တွင် ကြေညာ ချက်တစ် စောင်ထုတ် ပြန်ခဲ့ သည်ဟု သိရှိ ရပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်