Monday, October 15, 2012

မြောက်ကိုရီးယား နိုင်ငံသည် အမေရိကန် နိုင်ငံ၏ ကျူးကျော် ရန်စမှုကို တုံ့ပြန်ရန် ဒုံးပျံ စွမ်းပကားကို တိုးမြှင့် သွားမည် ဟုဆို

Posted by drmyochit Monday, October 15, 2012, under | No comments



မြောက်ကို ရီးယား နိုင်ငံသည် အမေရိကန် နိုင်ငံ၏ ကျူးကျော် ရန်စမှုကို တုံ့ပြန်ရန် အတွက် ဒုံးပျံ စွမ်းပ ကားကို တိုးမြှင့် သွား မည် ဖြစ်ကြောင်း မြောက်ကိုရီးယား နိုင်ငံခြား ရေး ဝန်ကြီး ဌာနက အောက်တိုဘာလ ၁ဝ ရက် နေ့တွင် ပြောကြား ခဲ့ပါသည်။ မြောက်ကို ရီးယား နိုင်ငံတွင် အမေရိကန် နိုင်ငံနှင့် အခြားသော စစ်အ ခြေစိုက် စခန်းများထိရောက်ရှိ နိုင်သော မဟာ ဗျူဟာမြောက် ဒုံးတပ်ဖွဲ့များ ရှိကြောင်း မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီး ဌာနမှ အမည် မဖော်လိုသူ တစ်ဦးက ပြောကြား ခဲ့ပါသည်။ အမေရိကန် နိုင်ငံသည် အရှေ့မြောက် အာရှ ဒေသတွင်းဒုံးပျံ ယှဉ်ပြိုင်ပွဲ တစ်ရပ် ဖြစ်အောင် ဖန်တီး နေကြောင်း ကိုရီးယား ကျွန်းဆွယ်နှင့် ပတ်ဝန်းကျင် ဒေသများကို မတည်မငြိမ်ဖြစ်စေရေး ဖျက်လိုဖျက်ဆီးပြုလုပ် နေသည့် အပြင် အပြန် အလှန် ဆွေးနွေး မှုနှင့် စေ့စပ် ညှိနှိုင်းမှုများ အတွက် အခြေခံ အုတ်မြစ်ကိုလည်း ဖျက်ဆီးနေကြောင်း ၎င်းက ပြောကြား ခဲ့ပါသည်။ တောင်ကိုရီးယား နိုင်ငံ သည် အမေရိကန်နှင့် ပြန်လည် ညှိနှိုင်း ပြင်ဆင် ထားသည့် သဘော တူညီချက် အရ အကွာအဝေး ၈ဝဝ ကီလိုမီတာ (၄၉၇မိုင်) အထိ ရောက်ရှိသော ပဲ့ထိန်း ဒုံးပျံများ ထုတ်လုပ်ရန် စီစဉ်ထားကြောင်း အောက်တိုဘာလ ၈ ရက်နေ့က ထုတ်ပြန် ကြေညာ ခဲ့ပြီးနောက် မြောက်ကိုရီးယား နိုင်ငံ၏ ထိုကဲ့သို့ ပြောကြားချက် ထွက်ပေါ် လာခြင်း ဖြစ်ပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်