Monday, October 15, 2012

ဘဏ်များ၏ မတည်ရင်းနှီးငွေမှာ ကျပ် ၄၀၁ ဘီလီယံ အထိ ရှိလာပြီဖြစ်

Posted by drmyochit Monday, October 15, 2012, under | No comments




မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ မြန်မာနိုင်ငံရှိ ဘဏ်လုပ်ငန်း တွေမှာ မတည် ရင်းနှီးငွေ ပမဏဟာ ယခင်က ငွေကျပ်၂၃၆ ဘီလီယံသာ ရှိရာမှ ယခုအခါ ၄၀၁ ဘီလီယံ အထိ ရှိလာပြီ ဖြစ်တယ် လို့ သိရပါတယ်။ မြန်မာနိုင်ငံရဲ့ ဘဏ်လုပ်ငန်း များမှာ တစ်နှစ်ကျော် ကာလ အတွင်း များစွာ တိုးတက် လျက်ရှိပြီး ဘဏ် လုပ်ငန်း များရဲ့ မတည် ရင်းနှီးငွေများ ဟာလည်း ယခုလို တိုးတက် လာတာ ဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံရဲ့ ဘဏ်လုပ်ငန်း တွေဟာ လုပ်ငန်း ဆိုင်ရာ တိုးတက်မှု အနေနဲ့ အစိုးရသစ် စတင် တာဝန် ယူခဲ့တဲ့ ၂၀၁၁ ခုနှစ် ဧပြီလ အထိ မြန်မာနိုင်ငံမှာ ပုဂ္ဂလိက ဘဏ်ခွဲ အရေအတွက် ၂၉၂ ဘဏ်သာ ရှိရာမှ ယခု လက်ရှိမှာ ဘဏ်ခွဲပေါင်း ၁၀၂ ဘဏ်ကျော် အထိ တိုးတက် လာပြီး စုစုပေါင်း ဘဏ်ခွဲ ၄၀၀ ကျော်အထိ ရှိလာတာ ဖြစ်တယ် လို့ သိရပါတယ်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်