Monday, October 15, 2012

လန်ဒန်မှာ ရဟန်းတော်တွေ ဘင်္ဂလားဒေ့ရှ်က ဗုဒ္ဓဘာသာ အရေးအတွက် ဆန္ဒပြ....

Posted by drmyochit Monday, October 15, 2012, under | No comments


လန်ဒန်မှာ ရောက်ရှိနေကြတဲ့ ဗုဒ္ဓဘာသာ ရဟန်းတော်တွေနဲ့ ရာဂဏန်း ခန့်ရှိတဲ့ ဗုဒ္ဓဘာသာ ၀င်တွေဟာ (အောက်တို ဘာ ၁၁ ရက်) လန်ဒန်မြို့ ပါလီမန် စကွဲလ် (Parliament Square) ရှေ့မှာ ဘင်္ဂလာဒေခ်ျ့က ဗုဒ္ဓ ဘာသာ ၀င်တွေ တိုက်ခိုက်ခံ ရတာနဲ့ ပတ်သက်ြ ပီး ငြိမ်း ချမ်းစွာ ဆန္ဒပြ ပွဲ တစ်ခုကို ပြုလုပ်ခဲ့ကြပါတယ်။ အဲဒီ ဆန္ဒပြပွဲ ကို Bangladesh Buddhist Association UK – British Sri Lanka Forum တို့နဲ့ မြန်မာ ဗုဒ္ဓဘာ သာ ဘုန်းတော်ကြီးတွေ၊ ယူကေနိုင် ငံရောက် နိုင်ငံတကာ ဗုဒ္ဓဘာသာဝင်တွေကနေ စုပေါင်းပြုလုပ်တာ ဖြစ် တယ် လို့ ဆိုပါ တယ်။ မြန်မာ၊ ထိုင်း၊ ဘင်္ဂလာဒေခ်ျ့၊ သီရိလင်္ကာ စတဲ့ နိုင်ငံတွေက ရဟန်းတော် ၂၃ ပါး ကြွရောက် ချီးမြှင်ြ့ပီး လူကတော့ ၁၅၀ နဲ့ ၂၀၀ အကြားမှာ ရှိလိမ့်မယ်လို့ ဆန္ဒပြပွဲကို ကိုယ်တိုင် တက်ရောက်ခဲ့သူ တစ်ဦးက ပြောပါ တယ်။ တက်ရောက်လာကြသူတွေ အထဲမှာ ဗြိတိန် အထက်လွှတ်တော်က Lord Averic ဆိုတဲ့ ပုဂ္ဂိုလ် တစ်ဦး လည်း ပါဝင်ပြီး တခြား ခေါင်းဆောင်တွေနဲ့ အတူ မိန်းခွန်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ ခုလို လန်ဒန်မှာ ဆန္ဒပြပွဲ ကျင်းပရခြင်းရဲ့ အဓိက ရည်ရွယ်ချက်တွေ ကိုတော့ ပါဝင်တဲ့ ဘင်္ဂလာဒေခ်ျ့က ဦးဇင်း တစ်ပါးက ခုလို ပြောပြပါ တယ်။ “ မကြာသေးခင်ကမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ် တကောင်းဒေသ နှင့် ပန်းဝါဒေသများတွင် လူနည်း စု ဒေသခံများဖြစ်ကြတဲ့ ဗုဒ္ဓဘာသာဝင်တွေကို တိုက်ခိုက်တာ၊ သတ်ဖြတ် တာ၊ အိုးအိမ်တွေကို မီးရှို့ဖျက်ဆီး ခံရ တာ၊ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်းတွေနဲ့ ဗုဒ္ဓဘုရား ရုပ်ပွါးတော်တွေ ကို တိုက်ခိုက် ဖျက်ဆီးတာတွေကို တားဆီး ရန်နဲ့ ခုလို ယုတ်မာ ရက်စက်မူတွေကို ကမ္ဘာက သိရှိစေ လိုတဲ့ အတွက် ငြိမ်းချမ်းစွာ တောင်းဆို ဆန္ဒပြ ရခြင်း ဖြစ်ပါတယ်” လို့ ဆိုပါတယ်။ ဆန္ဒပြပွဲ အတွင်း Bangladesh Buddhist Association UK မှ Sujan Barua က လည်း ခုလို ပြောပါတယ်။ “ မိမိတို့ အနေနဲ့ ယခုလို တောင်းဆို ဆန္ဒပြပွဲတွေ ကာကွယ်မူတွေ မလုပ်ရင် ဗုဒ္ဓဘာ သာသည် မကြာခင်ကာလ အတွင်းမှာပင် ဤကမ္ဘာမြေပေါ်မှ ပျောက်ကွယ်သွား ရတော့မည်ဖြစ်ကြောင်း၊ မိမိတို့ ဗုဒ္ဓဘာ သာဝင်များသည် ဘင်္ဂလားဒေခ်ျ့ နိုင်ငံ၊ စစ်တကောင်းဒေသနဲ့ ပန်းဝါဒေသ များတွင် မည်သည့် ဘာသာ ဝင်များကိုမှ တိုက်ခိုက်မူ မရှိသော်လည်း၊ ယခုမူ မိမိတို့အပေါ် လူမျိုးတုံး၊ ဘာသာပျောက်အောင်ပင် ရည်ရွှယ် ချက်ရှိရှိ၊ အငြိုးကြီးကြီးဖြင့် လိုက်လံတိုက်ခိုက်ခံနေရကြောင်း၊ မိမိတို့ ဗုဒ္ဓဘာသာဝင် များမှာ ထိုဒေသတွင် လူနည်း စုသာဖြစ်၍ တစ်ရာခိုင် နှုံးခန့်သာရှိကြောင်း၊ မိမိတို့ ဗုဒ္ဓဘာသာကို မပျောက်ကွယ်၊ ရည်ရှည် တည်တန့် ခိုင်မြဲအောင် ဗုဒ္ဓဘာသာ တိုင်းမှာ တာဝန်ရှိကြောင်း အကျယ်တဝန့် ရှင်းလင်းပြောကြားခဲ့တယ်” လို့ဆိုပါ တယ်။ ဆန္ဒပြတဲ့ သူတွေဟာ အဲဒီနေရာကနေ ဒေါင်းနင်းလမ်းကို သွားရောက်ပြီး အဲဒီအထဲက ရဟန်းတော် ငါးပါး ဟာ သူတို့ရဲ့ မေတ္တာရပ်ခံစာကို ဗြိတိန် ၀န်ကြီးချုပ်ဆီကို သွားရောက် ပေးပို့ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီက တဆင့် ဆန္ဒပြသူတွေဟာ Foreign office ရှေ့ကို ချီတက်ခဲ့ကြတယ်လို့ ပြောပါတယ်။ သူတို့ တောင်းဆို ထားစာထဲ မှာတော့ အချက် (၆) ချက်ကို တောင်းဆိုထားတယ်လို့ ပြောပါတယ်။ တောင်းဆိုတဲ့ အချက်တွေကတော့ သမာ သမတ် ကျတဲ့ စုံစမ်း စစ်ဆေးရေးကော်မီတီ ဖွဲ့ပြီး စစ်ဆေးဖို့နဲ့ ကျူးလွန်ခဲ့တဲ့သူတွေကို အပြစ်ပေး အရေးယူဖို့၊ ထိခိုက် ဆုံးရှုံး ခံခဲ့ရတဲ့ ရွာသားတွေကို လျှော်ကြေးပေးဖို့နဲ့ မီးရှို့ခံလိုက်ရတဲ့ ဘုန်းတော်ကြီးကျောင်းတွေ – လူနေ အိမ်တွေကို ပြန်ဆောက်ပေးဖို့၊ နောက်နောင် တိုက်ခိုက်မူတွေ မဖြစ်ပွားရအောင် လူနည်းစု ဗုဒ္ဓဘာသာဝင်တွေကို ကာကွယ်ပေးဖို့၊ တိုက်ခိုက်မူမှာ ပါဝင်သူတွေကို လူသိရှင်ကြား ထုတ်ဖေါ်ပေးဖို့၊ ဘင်္ဂလာဒေခ်ျ့နိင်ငံမှာ ဘာသာရေး အရ နားလည် ခွင့်လွတ်မူတွေနဲ့ အပြန်အလှန် လေးစားမူတွေ ပိုရအောင် လူမူ အဖွဲ့အစည်းတွေ အတွင်း ပညာရေး မြင့် တင်ရန်နဲ့ အပြန်အလှန် လေးစား ယုံကြည်မူတွေ ပြန်လည် တည်ဆောက်နိုင်အောင် စနစ် တကျ သုတေသန လုပ်ငန်းတွေ လုပ်နိုင်အောင် ငွေကြေးပိုမို စိုက်ထုတ် အသုံးပြုရန်တို့ ဖြစ်ပါတယ်။ ဒီစာကို ဗြိတိန် ၀န်ကြီချုပ်ကို လိပ်မူ တက် ပေးပို့တာ ဖြစ်ပြီး မိတ္တူကိုတော့ ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ်၊ ဗြိတိန် နိုင်ငံခြားရေး ၀န်ကြီး၊ Human Rights Watch၊ amnesty International၊ အီးယူးနိုင်ငံခြားရေး ရုံးနဲ့ အမေရိကန်-ဂျပန်- တရုတ် သံအမတ်ကြီးတွေဆီကိုလည်း ပေးပို့ခဲ့ တယ်လို့ သိရပါတယ်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်