
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပ နေသော ဆူဇူကီးဖလား ခြေစစ်ပွဲ၏ အုပ်စုနောက်ဆုံး ပွဲစဉ် တစ်ခုဖြစ်သော မြန်မာအသင်းနှင့် လာအို အသင်းတို့၏ ပွဲတွင် မြန်မာပရိသတ် များမှာ လာအို အသင်း သို့ ပြောင်းလဲ အားပေးခဲ့ကြောင်း အဆိုပါပွဲသို့ သွားရောက် သတင်းရယူနေသည့် The Voice Weekly သတင်းထောက်မှ သတင်းပေးပို့သည်။
"ဒီနေ့ပွဲက ခက်ခဲတဲ့ ပွဲတစ်ခုပါ။ ရာသီဥတုကလဲ အရမ်းပူ ပါတယ်။ဒီအတွက် ကစား သမားတွေ ထင်သလောက် မကစားနိုင် တာကို ပရိသတ်တွေ နားလည်ပေးစေ ချင်ပါတယ်"ဟု မြန်မာနည်းပြ ပတ်ဆောင် ဟွာက ဆိုသည်။
ယနေ့မြန်မာ အသင်းနှင့် ကစားခဲ့သော အုပ်စုနောက် ဆုံးပွဲစဉ်နှင့် ပတ်သက်၍ လာအိုအသင်း နည်းပြချုပ် ကူမာရာက" ဒီနေ့ပွဲနဲ့ ပတ်သက်လို့ ကံကောင်းတာ မကောင်းတာကို မပြောလိုတော့ပါဘူး၊ ရာသီဥတု ပူပြင်းမှု ကတော့ နှစ်သင်းလုံး ခံစားကြရတာပါပဲ။ မြန်မာ ပရိသတ်တွေက လာအို လာအိုလို့ ပွဲပြီး ခါနီး မှာပြောင်း အားပေးတာ ကိုတွေ့ရတဲ့ အတွက် အံ့သြ ရတာတော့ အမှန်ပါ။ မြန်မာ အသင်းအတွက်တော့ မကောင်း ဘူးပေါ့"ဟု ပွဲအပြီး သုံးသပ်ချက်တွင် ထည့်သွင်းပြောကြား သွားခဲ့သည်။
ပရိတ်သတ်များ မျှော်လင့်ထားသည့် အတိုင်း ဖြစ်မလာပါက မိမိအသင်း၏ ဆန့်ကျင်ဘက်ဖြစ်သော အသင်း သို့ပြောင်းလဲ အားပေးမှုများမှာ အခြားနိုင်ငံများတွင်လည်း ဖြစ်တက်ကြောင်းနှင့်မြန်မာအသင်း၏ ကစား သမား အချို့တွင် နည်းပညာပိုင်းနှင့် သက်လုံပိုင်းတို့၌ အားနည်းမှုများ ရှိနေသေးကြောင်း မြန်မာအသင်း နည်းပြ ချုပ်က ပြောကြားသည်။
မြန်မာအသင်း အနေဖြင့် လာအို အသင်းကို သရေက စားခဲ့သည့် အတွက် သုံးပွဲနိုင် တစ်ပွဲသရေ ရမှတ် ၁ဝ မှတ်ဖြင့် အုပ်စုပထမဖြင့် ခြေစစ် ပွဲအောင်သောကြောင့် ထိုင်းနိုင်ငံ ကအိမ်ရှင် အဖြစ် လက်ခံ ကျင်းပမည့် ဆူဇူကီး ဖလား အုပ်စုပွဲစဉ် (က)တွင် ထိုင်း၊ ဖိလစ်ပိုင် ၊ ဗီယက်နမ် တို့နှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။
မြန်မာ အသင်းနှင့် လာအိုအသင်းတို့ ၏ ပွဲစဉ်ကို ထိုင်းအသင်း နည်းပြချုပ် ရှက်ဖာနှင့် အဖွဲ့က လာရောက် ကြည့်ရှုခဲ့ကြသည်။
Time in Rangoon

0 comments:
Post a Comment