Monday, October 15, 2012

OIC ရုံး က မြန်မာလူထုကို ထင်သလောက် ဒုက္ခမပေးနိုင်

Posted by drmyochit Monday, October 15, 2012, under | No comments

၁။ နိုင်ငံတော်သမ္မတကြီးအနေဖြင့် မြန်မာနိုင်ငံတွင် OIC ရုံး (OIC Office, OIC Branch) ဟူ၍ ဖွင့်လှစ် ခွင့် ပြုမထားပါ။

၂။ နယ်စပ်ရေး ရာဝန်ကြီး ဌာနနှင့် MoU ရေးထိုးထားသော ရုံးမှာ ထောက်ပံ့ ကူညီမှုများ ဆောင်ရွက်ရာတွင် ကာလ သတ်မှတ် ချက်ဖြင့် ထားရှိမည့် ယာယီ ဆက်ဆံရေးရုံး (OIC ရုံး မဟုတ်ပါ) ဖြစ်ကြောင်းတွေ့ရှိရပါ သည်။


၃။ ယင်းသို့ ယာယီရုံးဖွင့်လှစ်ခွင့် ကိစ္စကိုပင်လျှင် ပြန်လည်ညှိနှိုင်းရန် နိုင်ငံတော်သမ္မတကိုယ်တိုင် လမ်းညွှန် ထားပြီး ဖြစ်ပါသည်။

-----
၁။ မြန်မာနိုင်ငံ တွင် OIC ရုံးဖွင့်လှစ်ရေးကိစ္စနှင့်စပ်လျဉ်း၍ ရဟန်းသံဃာများ အပါအဝင် ပြည်သူအများက ဆန့်ကျင် ကန့်ကွက်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရှိရပါသည်။

၂။ နိုင်ငံအချင်းချင်း(သို့မဟုတ်) နိုင်ငံအများနှင့် ပူးပေါင်းဆောင် ရွက်သည့် နားလည်မှုစာချွန်လွှာ လက် မှတ်ရေး ထိုးခြင်းနှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတကြီး၏ လမ်းညွှန်ချက်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

(က) နိုင်ငံတော်၏ ဂုဏ်သိက္ခာ မထိခိုက်စေရန်၊
(ခ) အမျိုးသားအကျိုးစီးပွား မထိခိုက်စေရန်၊
(ဂ) နိုင်ငံတော်၏ အချုပ်အခြာအာဏာ မထိခိုက်စေရန်၊
(ဃ) သဘာဝပတ်ဝန်းကျင် မထိခိုက်စေရန်။

၃။ ၄င်းအပြင် နိုင်ငံတော်သမ္မတကြီးသည် အုပ်ချုပ်ရေး မဏ္ဍိုင် အနေဖြင့် ပြည်သူ လူထုဗ ဟိုပြု ပြုပြင်ပြောင်း လဲမှုများ ဖော်ဆောင်ရန် ခိုင်မာသော မူဝါဒများ ချမှတ်ပေးထားပြီး ဖြစ်ပါသည်။

၎။ ပြည်သူများအကြားတွင် ဖြစ်ပေါ်လျက်ရှိသောဆန္ဒသဘောထားများကိုကောင်းစွာ သိရှိနား လည် ထားသော နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ ဂုဏ်သိက္ခာ၊ အကျိုးစီးပွား ထိခိုက်နစ် နာမှု မရှိစေရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရှိရပါသဖြင့် ပြည်သူများအနေဖြင့် စိုးရိမ်ပူပန်မှုများ မရှိကြစေ ရန် အသိပေးအပ်ပါသည်ဟု ဖော်ပြထားသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်