Monday, October 15, 2012

သာပေါင်း မြို့နယ်၌ ဆင်နင်း၍ လူတစ်ဦး သေဆုံး

Posted by drmyochit Monday, October 15, 2012, under | No comments



ဧရာဝတီ တိုင်းဒေသကြီး သာပေါင်းမြို့နယ် ကျိန္တလီ သစ်တော ကြိုးဝိုင်းအတွင်းရှိ ဝါးခုတ် စခန်း၌ အောက်တို ဘာ၁ဝ ရက် နံနက်ပိုင်းက တောဆင်ရိုင်းတစ်ကောင်သည် တဲအတွင်း၌ အိပ်နေသူ တစ်ဦး အား နင်းသတ် ခဲ့ခြင်းကြောင့် လူသေဆုံးမှု တစ်ခု ဖြစ်ပွားကြောင်း သိရသည်။


ဖြစ်စဉ်မှာ အောက်တိုဘာ ၉ ရက် မွန်းလွဲ ၁၂ နာရီခွဲက သာပေါင်းမြို့နယ် ဘုရားကုန်း ကျေးရွာအုပ်စု ဂရက် ရှည် ကျေးရွာနေ ကိုလတ်သည် တစ်ရွာတည်းနေ ဦးဖိုးစိန် ၅၉ နှစ် (ဘ) ဦးမောင်ညို၊ ဦးမြသိန်း၊ နေလင်းစိုး တို့နှင့် အတူ ခွေးကုတ် ကျေးရွာအုပ်စု ကျိန္တလီ သစ်တော ကြိုးဝိုင်း အတွင်းရှိ ဝါးခုတ်စခန်းသို့ ရောက်ရှိပြီး ညအိပ်စဉ် အောက်တိုဘာ ၁ဝ ရက် နံနက် ၁ နာရီခွဲက တောဆင်ရိုင်း တစ်ကောင် ရောက်လာပြီး ၎င်းတို့ အိပ်နေသည့် တဲကို ဖျက်ဆီး၍ ဦးဖိုးစိန် အား နင်းသတ်ခဲ့သည်။

ထို့ကြောင့် နံနက် ၇ နာရီတွင် ဘုရားကုန်း ရဲစခန်းသို့ လာရောက် အကြောင်းကြား ချက်အရ ဒုတိယ ရဲအုပ် သန်းဝင်း နှင့်အဖွဲ့ သွားရောက် စစ်ဆေးရာ ဦးဖိုးစိန်မှာ သေဆုံး နေကြောင်း တွေ့ရှိပြီး ဓမ္မတာ အတိုင်း သေဆုံးခြင်း ဟုတ်၊ မဟုတ် သိရှိနိုင်ရန် ဒုတိယ ရဲအုပ် သန်းဝင်း၏ တိုင်တန်း ချက်အရ ဘုရားကုန်း ရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် ၃/၁၂ ဖြင့် ရေးဖွင့် စစ်ဆေးလျက် ရှိကြောင်း သတင်း ရရှိသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်