Monday, October 15, 2012

ကလေးမြို့တွင် တရား မဝင် ခိုးဝင် လာသော ဘင်္ဂါလီ လူမျိုး(၁၆)ဦး ဖမ်းမိ

Posted by drmyochit Monday, October 15, 2012, under | No comments



စစ်ကိုင်းတိုင်း ဒေသကြီး၊ ကလေးမြို့တွင် နယ်စပ် ဖြတ်ကျော် လမ်းများ မှတရား မဝင်ခိုးဝင် လာသော ဘင်္ဂါလီ လူမျိုး(၁၆) ဦးအားအောက် တိုဘာလ (၁၄) ရက်နေ့တွင် ထပ်မံ ဖမ်းဆီး ရမိခဲ့ကြောင်း ကလေးမြို့ နယ်ရဲ စခန်း မှ အတည်ပြု ပြောကြားချက် အရ သိရသည်။


၎င်းဘင်္ဂါလီများသည် ကလေး အနောက်မြောက် ဒေသ၊ မောက်လင်း အုပ်စုတွင်ဖမ်းမိခြင်းဖြစ်ပြီး သာယာကုန်း ကျေးရွာတွင်(၁၂)ဦး၊ပျဉ်းခုံလေး(ဇိုဇန်လမ်းခွဲ)တွင် (၄)ဦး၊ စုစုပေါင်း(၁၆)ဦးကိုနေ့ လည်(၁၂း ၁၅) နာရီ အချိန်တွင် ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း၎င်းက ဆက်လက်ပြောကြားသည်။

ခိုးဝင်လာသော ဘင်္ဂါလီများကို ကလေးမြို့နယ် ညောင်တုန်း ရွာသားတစ်ဦးကတွေ့ရှိရာမှ ရဲစခန်းသို့ သတင်းပေးပို့ ခဲ့ခြင်း ဖြစ်ကြောင်း ကလေးမြို့ အမျိုးဘာသာ၊ သာသနာ စောင့်ရှောက်ရေး အဖွဲ့ဝင် တစ်ဦး က ပြောကြားသည်။

ယခု ဖမ်းဆီးမိသော ဘင်္ဂါလီ(၁၆)ဦးမှာ အမျိုးသားများဖြစ်ကာ အသက်(၂၅)နှစ်အောက် လူငယ် များဖြစ်ကြောင်း သိရသည်။ ကလေးမြို့တွင် စက်တင်ဘာ(၁၃)ရက်နေ့က ပြုလုပ်ခဲ့သော ဘင်္ဂါလီအရေးနှင့်
ပတ်သက်၍ သမ္မတပြောကြားချက် ကို ထောက်ခံပွဲပြုလုပ်ခဲ့ပြီးနောက်ပိုင်းတရားမဝင်ခိုးဝင်လာသော ဘင်္ဂါလီများအား ဆက်တိုင်ဖမ်းမိခဲ့ခြင်းဖြစ်သည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်