Monday, October 15, 2012

အမေရိကန်သံအမတ်ကြီး နဲ့ အတိုက်အခံတွေ တွေ့ဆုံဆွေးနွေး

Posted by drmyochit Monday, October 15, 2012, under | No comments


မြန်မာ နိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး Derek Mitchell ဒဲရစ်မစ်ချယ်ဟာ ၂၀၀၇ ရွှေဝါရောင် တော် လှန်ရေး တုန်းက ဦးဆောင် သံဃာ တစ်ပါးဖြစ်တဲ့ ဦးဂမ္ဘီရ အခုတော့ လူဝတ်လဲ လိုက်ပြီဖြစ်တဲ့ ဦးညီညီလွင် နဲ့အ ဖွဲ့ကို ဒီကနေ့ မနက်ပိုင်းက ရန်ကုန်မြို့ ၊ ပြည်လမ်းမှာရှိတဲ့ အမေရိကန်သံအမတ်ကြီးရဲ့ နေအိမ်မှာ တစ်နာ ရီကျော်ကြာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ 


မြန်မာနိုင်ငံ အပေါ် အမေရိကန် အစိုးရက ချမှတ် ထားတဲ့ စီးပွားရေး ပိတ်ဆို့မှု ရုပ်သိမ်း သင့်မသင့် ၊ လျှော့ချ သင့်မ သင့် အပါအဝင် လူ့အခွင့် အရေး ဆိုင်ရာ ကိစ္စရပ်တွေ ဆွေးနွေး ခဲ့တယ်လို့ ဦးညီညီ လွင်က RFA ကို ပြောပါတယ်။

"အမေရိ ကန်နိုင်ငံက စီးပွားရေး ပိတ်ဆို့မှုကို ဖယ်ရှားပေး သင့်ပြီလား၊ ဒါမှ မဟုတ်ရင် လျှော့ချပေးသင့် သလား ပေါ့၊ ဒီဟာ အတွက် ပြည်တွင်းမှာ တက်ကြွလှုပ်ရှားသူ ၊ ဦးဆောင်သူတွေကို ခေါ်ပြီးတော့ တွေ့ပြီးတော့ သဘော ထားတွေ ရယူတာပဲ ။ 

လုံးဝ ဖယ်ရှားဖို့ ဆိုတာတော့ ကျုပ်တို့ အနေနဲ့ မဖြစ်သင့်ဘူးပေါ့  ၊ လျှော့ချ တာတော့ ကျုပ်တို့အနေနဲ့ ဘာမှ မပြော လိုပါဘူးဆိုတာတွေ ပြောဖြစ်တယ်၊ နောက် မျက်မှောက်နိုင်ငံရေး အခင်းအကျင်းနဲ့ပတ်သတ်ပြီး တိုင်းရင်းသား နယ်မြေတွေမှာ ဖြစ်နေတဲ့ ပြဿနာတွေ ၊ နောက် ကချင်နဲ့  ရခိုင်ပေါ့ဗျာ ၊ ဘာသာရေး ပဋိပက္ခတွေ ၊ လူမျိုးရေး ပဋိပ က္ခတွေ ၊ လူ့အခွင့်အရေးချိုးဖောက်ခံရတာတွေ ၊ ဒီမိုကရေစီရေး ပျက်ကွက်ခံနေရတာတွေကို အမြန်ဆုံး ဖြေရှင်းနိုင်ဖို့ ၊ မြန်မာ့မြေပေါ်မှာ ဒီမိုကရေစီရေးတွေ လူ့အခွင့်အ ရေးတွေ ပြည့်ဝဖို့ ၊ ဘယ်လိုလုပ်မလဲဆိုတာတွေ ရှေ့ဆက်သွားဖို့ မျက်မှောက်အခင်းအကျင်းနဲ့ညှိပြီး ဆွေးနွေးသွားတာ ဒါလေးတွေ ရှိပါတယ်၊ ဒီကနေ့ တွေ့ဆုံရာမှာ  ဦးညီညီ လွင် နဲ့အတူ ဆရာတော် ဦးသောဘာသ၊ အလုပ်သမားအခွင့်အရေး လှုပ်ရှားသူများ(Action Labor Rights) အဖွဲ့က ကိုသူရိန်အောင် ၊ ကိုညီညီဇော်၊ ကိုနော်အောင်တို့ ငါးဦးပါဝင်တယ်လို့သိရပါတယ်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်