Monday, October 15, 2012

Eleven Media အား ဆရာတော်သံဃာတော်ကြီးများ၊ စာပေးအနုပညာရှင်များနှင့် သတင်းစာဆရာများ ကန့်ကွက်

Posted by drmyochit Monday, October 15, 2012, under | No comments





နိုင်ငံတော် သြ၀ါဒစရိယ၊ အဘိဓဇမဟာရဌဂုရု အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက မြတောင်တိုက် အဓိပတိ မဟာ နာယက ဘဒ္ဒန္တသာသနာဘိဝံသ ရွှေဝါ၀င်းကျောင်းဆရာတော်ကြီးမှ သဘောထားထုတ်ပြန်ချက်ကို လက်မှတ်ရေး ထိုးနေစဉ်။


၁။ Eleven Media Group မှ၂၀၁၂ခုအောက်တိုဘာလ ၅ရက်နေ့တွင်ထုတ်ဝေသော Bi Weekly Eleven ဂျာနယ် တွင်ဖော်ပြသည့် မြန်မာ့ စီးပွားရေး ဦးပိုင် လီမီတက်နှင့် ပတ်သက်သော သတင်းစာ ရှင်းလင်းပွဲ၌ သတင်းထောက် များကို ကင်မရာလက်ဆောင်ပေးအပ်ခဲ့ကြောင်း သတင်းများပျံ့နှံ ခေါင်းစဉ်ပါသတင်းတွင် “အထူး သဖြင့် မန္တလေး နှင့် နယ်သတင်းထောက်များအကြား လက်ဆောင်ရယူခြင်းများက ရှိနေ ဆဲဖြစ်ကြောင်း သိရပါသည်” ဟု ရေးသားထားပါသည်။


၂။ အထက်ပါရေးသားချက်သည် စတုတ္ထမဏ္ဍိုင်တာဝန်ကို ကျေပွန်စွာထမ်းဆောင်နေသော မန္တလေး သတင်းထောက် အများစု၏ ဂုဏ်သိက္ခာကိုထိခိုက်ပါသည်။ Eleven Media Group ၏ ရေးသား ချက်ကို ဝေဖန်ထောက်ပြသူများကိုလည်းတရားစွဲဆိုမည်ဟု အသိပေးမှုပြုလုပ်ကြောင်း သိရသဖြင့် စိတ်မ ချမ်းမြေ့ ဖြစ်ရပါသည်။

၃။ မန္တလေးမြို့သည် ဘာသာ၊ သာသနာကို ဦးထိပ်ထားပြီး မြို့မိမြို့ဖလူကြီးသူမများ၏ ဆုံးမသြ ၀ါဒ အောက်တွင် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုများကို အစဉ်အဆက်ဆောင်ရွက်ခဲ့သည့် မြို့ဖြစ် သည်။ ထို့ကြောင့် မည်သည့်လုပ်ငန်းဖြစ်စေ အလွှာတစ်ခုစီက သီးခြား သဘော ဆုံးဖြတ်ခြင်း ဆောင်ရွက် လုပ်ကိုင်ခြင်း မရှိဘဲ အဆင့်ဆင့် ကြီးကြပ်ကွပ်ကဲသည့် သြ၀ါဒအောက်၌သာ အလေးမူဆောင် ရွက်သော မြန်မာမှုယဉ်ကျေးမှုကို အထူးအရေးထားသည့် မြို့ဖြစ်သည်။ ထို့ကြောင့် လွတ်လပ်ရေး တိုက်ပွဲကာလ နိုင်ငံေ၇းလှုပ်ရှားမှုများမှအစ ၁၉၈၈ခု ဒီမိုကရေစီလှုပ်ရှားမှုများအလယ် မျက်မှောက်ခေတ်နိုင်ငံရေး၊ လူမှုရေးလှုပ်ရှားမှုများအဆုံး ဆရာတော် သံဃာတော် မြို့မိမြို့ဘများ၏ သြ၀ါဒအောက် တွင် စည်းလုံးညီညွတ်စွာ ထာဝစဉ်ပါဝင်လုပ်ကိုင်နေထိုင်နေကြ သည်။ အခမ်းအနားကြီး များတွင် လက်ဆောင်ဂါရ၀ပစ္စည်းများ ပေါ်ပေါ်ထင်ထင်ပေးနေ၊ ယူနေဆဲဖြစ်သော ခေတ်ကာလ၌ မန္တလေးမြို့ တွင်နေထိုင်ေ သာ သတင်းမီဒီယာသမားအချို့ ကျင့်ဝတ် ဖောက်ဖျက်မှုရှိနိုင်ပါသည်။ သို့ရာတွင် “မန္တလေး” ဟူသောအသုံးအနှုန်းဖြင့် အားလုံးအပေါ်ခြုံပြီး အထင်အမြင်သေးစွာ စွပ်စွဲပြစ်တင်သော မည်သည့်ရေးသား၊ ဟောပြော၊ ထုတ်လွှင့်ခြင်းကိုမဆို အလေးအနက်ကန့်ကွက်သည်။

၎။ မြန်မာနိုင်ငံတော်သည် ဒီမိုကရေစီစနစ်ကို ဦးတည်နေချိန်တွင် စတုတ္ထမဏ္ဍိုင်ပီပြင်ရေး၊ လွတ်လပ်တရား မျှတရေး၊ စွမ်းအားရှိရေးအတွက် အခက်အခဲအမျိုးမျိုးကြားမှ သတင်းမီဒီယာသမားများက ကြိုးစားကာကွယ် တည်ဆောက်နေကြပါသည်။ စတုတ္ထမဏ္ဍိုင်အပါအ၀င်ဖြစ်သော သတင်းမီဒီယာသမားများကို အထင်အမြင် လွဲမှားအောင် သေးသိမ်အောင် ရေးသား၊ ဟောပြော၊ ထုတ်လွှင့်မှု မှန်သမျှကို အလေးအနက် ကန့်ကွက် သည်။

၅။ စတုတ္ထမဏ္ဍိုင် ပီပြင်ခိုင်မာမှသာ နိုင်ငံတကာစံမီ ဒီမိုကရေစီစနစ် တည်တံ့မည်ဟု ယုံကြည်သည်။ သတင်း မီဒီယာသမားများ ကျင့်ဝတ်ဖောက်ဖျက်ရန် တံစိုးလက်ဆောင်ဖြင့် ဖျားယောင်းသွေးဆောင်သူများ၊ သတင်း မီဒီယာသမားအရေခြုံကာ တံစိုးလက်ဆောင်ရယူပြီး သတင်းမှားများကို ဘက်လိုက်ရေး သားသူများ ရှိက မည်သူကိုမဆို ရှုတ်ချပါသည်။

၆။ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကို ဒီမိုကရေစီနိုင်ငံတစ်ခု ဖြစ်လာစေရန် နှစ်ပေါင်းများစွာ အသက်၊ ဘ၀များ ရင်းနှီးပြီး ထူထောင်နေကြရသော အချိန်အခါဖြစ်ပါသည်။ ဒီမိုကရေစီ ကို မြတ်နိုးသူများ အနေဖြင့် နှောက်ယှက် ဟန့်တားမှု၊ နောက်ပြန်ဆွဲမှု၊ အာဏာလက်မလွှတ်လိုမှုများကို ရင်ဆိုင်နေ ဆဲဖြစ်နေသည်။ စိန်ခေါ်မှုကြီးများကို ရင်ဆိုင်ရင်း အမျိုးသားညီညွှတ်ရေးကို တည်ဆောက်နေရသော အချိန်အခါ လည်းဖြစ်ပါသည်။ ယုံကြည်ချက်တူသူများ ကြီးငယ်မဟူ အတူလက် တွဲပြီးအပြန် အလှန် ညှိနှိုင်း ကာ ပူးပေါင်းဆောင်ရွက်နေရမည့် အချိန်တွင် အချင်းချင်းအထင်အမြင်သေးစွပ်စွဲခြင်း၊ အင်အားချိနဲ့အောင် နည်းမျိုး စုံဖြင့်ဆောင် ရွက်ခြင်း၊ ပြည်သူ လူထု အထင် အမြင်လွဲ မှားအောင် ဖန်တီးခြင်းများ မပြုလုပ်ကြဘဲ ပြည်သူလူထုမျှော်မှန်းနေသော ပန်းတိုင်ကိုရောက်ရှိအောင် ညီညွှတ်မျှတပြီး သဘော ထားကြီးစွာ ဆောင်ရွက်ကြရန်လိုအပ်ပါသည်။

၇။ ဤသဘောထား ထုတ်ပြန် ချက်ကို ပူးတွဲစာတွင် လက်မှတ်ရေး ထိုးထားသော ပုဂ္ဂိုလ်များက မန္တလေးမြို့က ဆရာတော် သံဃာတော်များ၊ မြို့မိမြို့ဖနှင့် မြို့သူမြို့သားများ၊ စာပေ အနု ပညာရှင်များ၊ သတင်း မီဒီယာ သမားများ၏ ကိုယ်စား ထုတ်ပြန်သည်။ Eleven Media Group က လိုလားတောင်း ဆိုပါက မြို့သူမြို့သားများ၏ လူအင် အားဖြင့်လည်း သဘော ထားကိုဖော်ပြနိုင် ပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်