Monday, October 15, 2012

ကချင်စစ်ဘေးသင့် ပြည်သူများအတွက် ဗကသများအဖွဲ့ ချုပ်မှ လှူဒါန်း

Posted by drmyochit Monday, October 15, 2012, under | No comments


Popout
ကချင်ပြည်နယ်ရှိ စစ်ဘေးဒါဏ်သင့် ပြည်သူများအတွက် ရန်ကုန်တောင် ပိုင်းခရိုင်ကျောင်း သားများ သမဂ္ဂ မှ ကျောင်းသားများက စစ်ဆန့် ကျင်ရေးသီချင်းများ သီဆို၍ အလှူငွေများ လိုက်လံကောက်ခံခဲ့ကြပါသည်။
အလှူငွေကောက်ခံ မှုကို သန်လျင်မြို့ နယ်အတွင်းရှိ လူစည်ကားသည့် လက်ဖက်ရည်ဆိုင်များ၊ စားသောက်ဆိုင် များနှင့် ဖိတ်ကြားထားသည့်အိမ်များတွင် ရန်ကုန်တောင်ပိုင်းခရိုင်ကျောင်းသားများသမဂ္ဂ (ရတကသ)  မှ ကျောင်းသား(၂၁)ယောက်ဖြင့် လိုက်လံကောက်ခံခဲ့ကြခြင်း ဖြစ်ပါသည်။ သီချင်းများ သီဆို အလှူခံ ထွက်ရင်း တပြိုင်နက် (ရတကသ) မှ ပြည်တွင်း စစ်ရပ်ဆဲ ၍ ငြိမ်းချမ်းရေးဖော်ဆောင်ပေး ရန် တောင်းဆို သည့် ကြေငြာချက် များကိုလည်း ဖြန့် ဝေခဲ့ကြပါသည်။
ရန်ကုန်တောင်ပိုင်းခရိုင်ကျောင်းသားများသမဂ္ဂ (ရတကသ)  မှ အလှူခံရရှိသော ငွေကျပ် ၃၁၀၀၀၀ကျပ် (သုံးသိန်း တစ်သောင်း ကျပ်) နှင့် လှူဒါန်းကြမည် ဖြစ်သည်။ ဧရာဝတီတိုင်း၊ မြောင်းမြခရိုင်၊ ၀ါးခယ် မမြို့နယ်ကျောင်း သားများသမဂ္ဂမှ အလှူခံရရှိသော အလှူငွေ တစ်သိန်းငါးသောင်း၊ ရွှေလောင်းမြို့ နယ်ကျောင်းသား များသမဂ္ဂမှ အလှူခံရရှိသော အလှူငွေ လေးသောင်းကျပ် စုစုပေါင်း အလှူငွေ ငါးသိန်း ကျပ်ကို ကချင်ပြည်နယ် ဗန်းမော်ခရိုင်ကျောင်းသားများသမဂ္ဂသို့ လွဲပြောင်းပေးအပ်ခဲ့ပြီး ဗန်းမော် ခရိုင်ကျောင်းသား များသမဂ္ဂမှ ၃၀.၈.၂၀၁၂ရက်နေ့ တွင် ကချင်ပြည်နယ် စစ်ဘေးဒုက္ခသည် စခန်းအသီး သီးသို့ သွားရောက်လှူဒါန်းခဲ့ပြီး မှတ်တမ်းဓာတ်ပုံများ၊ အလှူငွေလက်ခံဖြတ်ပိုင်းများကို ရန်ကုန်တောင် ပိုင်းခရိုင်ကျောင်းသား များသမဂ္ဂသို့ ပြန်လည်ပေးပို့ ခဲ့ပါသည်။ မှတ်တမ်းဓာတ်ပုံများကို အလှူရှင်များ ၀မ်းမြောက်ဝမ်း သာ သာဓုခေါ်နိုင်စေရန် အလို့ ငှာ ဖော်ပြအပ်ပါသည်။ လှူဒါန်းခဲ့ကြသော အလှူရှင်များ အား ရန်ကုန်တောင်ပိုင်းခရိုင်ကျောင်းသားများသမဂ္ဂ (ရတကသ) မှ ကျောင်းသားကျောင်းသူများက အထူးပင် ကျေးဇူးတင်ရှိပါသည်။ ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းပေးသော ဗန်းမော်ခရိုင်ကျောင်း သားများသမဂ္ဂ အား ရန်ကုန်တောင်ပိုင်း ခရိုင်ကျောင်းသားသမဂ္ဂမှ ကျေးဇူးအထူးတင်ရှိပါသည်။
(သတင်း/ဓါတ်ပုံ - လွင်ပြင်)။



0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်