Monday, October 15, 2012

ဦးခွန်တလူ အသက်ခံရမှုအား ဇနီးမှ ရဲစခန်း သို့ တိုင်ကြား

Posted by drmyochit Monday, October 15, 2012, under | No comments

နမ့်စန် မြို့နယ် လွယ်မား တဲစု ဦးခွန်တလူ အသက်ခံ ရမှုနှင့် ပါက်သက် ၍ ဇနီးမှ ရဲစခန်း သို့ တိုင်ကြားရာ နမ့် စန် မြို့နယ် ရဲတပ် ဖွဲ့မှ ရဲအုပ် ဇော်မင်း ဦးစီးအဖွဲ့နှင့် မိုင်းစိတ်ကျေး ရွာမှ ကျေးလက် ကျန်းမာရေးမှူး ဦးမြင့်သန်း ဦးစီး အဖွဲ့ ၂ ဖွဲ့သည် မိုင်းစိတ်ကျေးရွာမှ ထွက်ခွာလာခဲ့ပြီး လွယ်မားတဲစု ရွာလူကြီးများဖြင့် အခင်းဖြစ်ပွားရာ နေရာသို့ သွားရောက် စစ်ဆေး ခဲ့ပါသည်။ အခင်း ဖြစ်ပွားသည့် နေရာတွင် အလောင်းအား တူးဖော် စစ်ဆေး ကြည့်ရာ အလောင်းအား အညိုရောင်စောင် ၁ ထည်ဖြင့် ဖုံးအုပ်ထားပြီး အရှေ့မြောက် ဘက်သို့ ဦးခေါင်းပြု၊ ဘယ်ဘက် တစောင်းလဲ၊ ညာလက် နောက်ပစ်၊ ဒူးကွေးလျက် အနေအထားဖြင့် မြုပ်နှံထား ကြောင်း တွေ့ရှိရသည်။ အလောင်းမှ ဒဏ်ရာများကို ဆက်လက် စစ်ဆေး ကြည့်ရှုရာ နောက်စေ့ ဦးခေါင်း အရိုးကြေ မွဒဏ်ရာ၊ ဘယ်ဘက်မေးရိုး ကျိုးကြေ၍ မျက်နှာ ညိုမဲ  ဖူးရောင် ဒဏ်ရာ၊ လက်ကောက် ၀တ်ကြော ဘယ်/ညာ အကြောပြတ် ရှ၍ ဓားဒဏ်ရာ အလျား ၁ လက်မခွဲခန့်၊ အနက် ၀.၅ လက်မခန့်၊ ခြေဖ နောင့်ကြော ဘယ်/ညာ အကြောပြတ်ရှ၍ ဓားဒဏ်ရာ အလျား ၂ လက်မခွဲခန့်၊ အနက် ၀.၅ လက်မခန့် ဒဏ်ရာများဖြင့် အသတ်ခံထားရကြောင်း တွေ့ရှိရ သည်။ အလောင်းအား စစ်ဆေးပြီးနောက် ပြန်လည်မြုပ်နှံပေးခဲ့ပြီး လွယ်မားတဲစုသို့ ပြန်လည် ထွက်ခွါ လာခဲ့ပြီး ရဲအုပ်ဇော်မင်း ဦးစီးအဖွဲ့သည် သက်သေ ၁၁ ဦးအား ခေါ်ယူစစ်ဆေးရာတွင် အသတ်ခံ ရသူမှာ လွယ်မားတဲစု ရွာမှ ဦးခွန် တလူ ဖြစ်ပြီး လက်နက်ကိုင် ပြောက်ကျားဝတ် ၂ ဦးမှ လာရောက် ခေါ်ဆောင် သွားကြောင်း သိရသည်။ အက်စ်အက်စ်အေ (ရွက်ဆစ်) အဖွဲ့မှ အင်အား ၆ ဦးအဖွဲ့သည် စက်တင်ဘာ ပထမအပတ်မှ စတင်၍ လွယ်မားတဲစု တစ်ဝိုက်သို့ ၀င်/ထွက်သွားလာ နေပြီး အလောင်းမှ တွေ့ရှိရသည့် ဒဏ်ရာများသည် အသက်သေစေ နိုင်သော ဒဏ်ရာများ ဖြစ်ပြီး သောင်းကျန်းသူများ ပြုလုပ်လေ့ရှိခြင်း၊ အလောင်းတွေ့ ရှိသည့်နေရာ၏ အနောက်ဘက် မီတာ ၂၀၀ ခန့်တွင် အက်စ်အက်စ်အေ(ရွက်ဆစ်)အဖွဲ့ ယာယီ နေထိုင် လေ့ရှိသော ၂ ယောက်အိပ်တဲ ၃ လုံးတွေ့ရှိရကြောင်း သိရှိရသည်။ ၄င်းလုပ်ရပ်သည် အက်စ်အက်စ်အေ(ရွက်ဆစ်)အဖွဲ့မှ လူသတ်၍ အလောင်းမြုပ်နှံသွားကြောင်း သိရှိရသည်။ သွေးလန့်သူများ မကြည့်ပါရန်- 




0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်