Monday, October 15, 2012

ဖာကန့်ဒေသတွင် KIA မှ ပြည်သူလူထုကို အကာအကွယ်အဖြစ်အသုံးချနေ

Posted by drmyochit Monday, October 15, 2012, under | No comments



၂၀၁၂ ခုနှစ်၊ သြဂုတ်လ ကုန်ပိုင်း မှစ၍ ဖားကန့်ဒေသ မှာရှိတဲ့ တပ်မတော် စစ်ကြောင်းတွေကို KIA တပ်ရင်း (၆)မှ အဆက်မပြတ်လိုက်လံတိုက်ခိုက်လျက်ရှိကြောင်း သိရှိရပါတယ်။ ယခုကဲ့သို့ တပ်ရင်း(၆)မှ အစိုးရ တပ်များအား လိုက်လံ တိုက်ခိုက်နေခြင်းမှာ စစ်တပ် များရှိနေခြင်းဖြင့် အခွန် အကောက်များ မရတော့ခြင်းကြောင့် စစ်တပ်တွေ နေလို့မရအောင် တိုက်ခိုက် ခြင်းဖြစ်ကြောင်း တပ်ရင်း(၆)မှ KIA တပ်ဖွဲ့ဝင် တစ်ဦးမှ ပြောပြသည်။

စစ်တပ်အား တိုက်ခိုက် သည့်ဖြစ်စဉ် များတွင် KIA အနေဖြင့် လက်နက် အင်အား မသာသည့် အပြင် ကျည်ဆံ နည်းပါး ခြင်းကြောင့် လူထုကို အသုံးချပြီး မြို့တွင်းပျောက်ကျားစစ်နဲ့ စစ်တပ်ကို တိုက်ခိုက်ဖို့ KIA ဗဟိုက ညွှန်ကြား ထားပြီး တပ်ရင်း(၆) တပ်ရင်းမှူး အင်ခွန်ဇော်ဒွဲ ကိုယ်တိုင် ဖားကန့်ဒေသ ကို ရောက်ရှိ ကာတိုက်ပွဲ များကို ကွပ်ကဲ လျက်ရှိကြောင်း သတင်း ရရှိခဲ့ပါတယ်။

စက်တင်ဘာလ ၇ နေ့ ည ၈ နာရီလောက်မှာ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာကနေ ဈေးဝယ်ပြီး ပြန်လာတဲ့ ဦးထွန်းကျော်နဲ့ မောင်အောင်ဇော် တို့ဟာ ဆိုင်းအောင်ရွာ၊ ရွှေလက် ရာခေါက်ဆွဲဆိုင်ရှေ့မှာ စစ်တပ်က ထင်လို့ဆိုပြီး ပစ်သွားတာ ၉ ရက်နေ့မနက်မှာ ဖားကန့်ဆေးရုံကို ပို့လိုက်ရကြောင်း ဆိုင်းအောင်ရွာသား ကိုဇော်တောင်ကပြောပြသည်။
ဖားကန့်မြို့အ၀င် သင်္ချိုင်းကုန်းအနီးမှာလည်း စက်တင်ဘာလ ၁၃ ရက်နေ့ ညနေစောင်း က မှော်ဝင်ရွာဘက်ကနေ ဖားကန့်မြို့ထဲဝင်လာတဲ့စစ်ကြောင်းကို KIA ကမိုင်းခွဲ တိုက်ခိုက်ခဲ့ ပါတယ်။ ကျောင်းဆင်းချိန်လည်းဖြစ်နေ မြို့ထဲလည်း ဖြစ်နေတာတောင် မရှောင်ဘူး။ ရွာသူရွာသား ၉ ယောက်နဲ့ ၁၃ နှစ်အရွယ်ကျောင်းသူတစ်ယောက် မိုင်းစတွေထိ ကုန်တယ်။ KIA က တရစပ်ပစ်နေတာ တိုက်ပွဲ က ၃ နာရီကျော်ကြာသွားတော့ ဆေးရုံအမီမပို့နိုင်လို့ ကျောင်းသူလေး သွေးလွန်ပြီးဆုံးသွားတယ်။ စစ်တပ်က ကောင်းကောင်းပြန် မပစ်လို့ ပြန်များပစ်လို့ကတော့ တော်တော်သေ ကုန်ကြမှာဟု ဖားကန့်မြို့ဆေး ရုံမှ သူနာပြု တစ်ဦးမှ ပြောပြသည်။
နောက်တစ်ခုက စက်တင်ဘာ ၂၄ ရက်နေ့ နေ့လယ်မှာ စစ်ကြောင်းတစ်ခု ဆိုင်းအောင်ရွာဘေး က ဖြတ်သွားတဲ့အချိန်မှာ ရွာထဲဝင်တယ်ထင်ပြီးတော့ KIA က လက်နက်ကြီးနဲ့လှမ်းပစ်တယ်။ စစ်တပ်ကို ထိ/မထိတော့ မသိရဘူး။ ဆိုင်းအောင် ရွာသား မောင်ထွေးမြင့်၊ မောင်အောင်သူနဲ့ စိုင်းမျိုးဇော် တို့ လက်နက်ကြီး ဗုံးစတွေ ထိမှန် ဒဏ်ရာ ရပြီး ညနေပိုင်းမှာ ဖားကန့်ဆေးရုံကို ရောက်လာကြောင်း သိရပါ သည်။
အောက်တို ဘာလ ၉ ရက်နေ့ မနက်ကလည်း လယ်ပြင်ကျေးရွာကို စစ်ကြောင်းရောက်တဲ့အချိန်မှာ မိုင်းဆွဲ တိုက်ခိုက် လို့ စစ်တပ်က (၂) ယောက်ကို ထမ်းခေါ်သွားတာတွေ့ရတယ်။ လယ်ပြင်ရွာသား ကိုနော်ဆိုင်း၊ ကိုလှိုင်မင်းအောင် နဲ့ ကိုအောင်ဇော် လတ်တို့ မိုင်းစများ ထိမှန်ဒဏ် ရာရခဲ့ကြောင်း သတင်းများ ရရှိပါ တယ်။ ဖားကန့်မြို့နယ်မှာဖြစ်ခဲ့တဲ့တိုက်ပွဲများအား သုံးသပ်ကြည့်ပါက KIA အနေဖြင့် လူအင်အား လက်နက် အင်အား မလုံလောက.်ခြင်း ကိုအကြောင်းပြုကာ မြို့တွင်း/ရွာတွင်း လူသွား လူလာများကို အကာအ ကွယ်ပြု၍ အစိုးရစစ်ကြောင်း များအား ထိုးစစ်ဆင် တိုက်ခိုက်ခြင်း ဖြစ်ကြောင်းတွေ့ ရပါသည်။ ပြည်သူအများနေထိုင်ရာနေရာများတွင် အစိုးရတပ်များကို စောင့်ကြို၍ စတင်ပစ်ခတ် တိုက်ခိုက် သဖြင့် အစိုးရ တပ်များမှ ပြန်လည် ပစ်ခတ်ရန် ကန့်သတ်ချက် ရှိခြင်းကို အခွင့်ကောင်း ယူကာ တိုက်ခိုက်ခြင်းဖြင့် KIA ဘက်မှ ထိခိုက်ကျဆုံးမှုကိုကာကွယ်နိုင်ရန်ဖြစ်ကြောင်း တွေ့ရပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်