Monday, October 15, 2012

KIO နှင့် ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် တပ်မတော်အကြီးအကဲများနှင့် KIA အကြီးအကဲများ ပါဝင်ဆွေးနွေးမည်ဟုသိရ

Posted by drmyochit Monday, October 15, 2012, under | No comments





အစိုးရမှ ထပ်မံကမ်းလှမ်းထား သည့် KIOနှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် တပ်မတော် အကြီးအကဲ များနှင့် KIA အကြီး အကဲများပါဝင်ဆွေးနွေးရန်ရှိကြောင်း ငြိမ်းချမ်းရေးဆွေးနွေး ပွဲဖြစ်မြောက် ရေးအဖွဲ့ဝင် ဦးလမိုင်ဂွမ်းဂျာက အောက်တိုဘာလ ၁၃ ရက်နေ့တွင်ပြောကြားခဲ့သည်။
အစိုး ရမှ အောက်တိုဘာလ ၁၀ ရက်နေ့တွင် KIO နှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေး ပွဲပြုလုပ် ရန် ကမ်းလှမ်းမှုများပြုလုပ်ထားပြီး အဆိုပါအစိုးရ၏ ကမ်းလှမ်းမှုကို KIO ဘက်မှ လက်ခံရရှိကြောင်း၊ ကမ်းလှမ်း ချက်ကို အစည်းအဝေး ပြုလုပ်ကာ ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း အောက်တိုဘာလ ၁၁ ရက် နေ့ တွင် ပြန်လည် အကြောင်းပြန် ထားသည်ဟု ဦးလမိုင်ဂွမ်းဂျာက ပြောကြားခဲ့သည်။


ငြိမ်းချမ်းရေးဆွေးနွေးပွဲဖြစ် မြောက်ရေးအဖွဲ့ဝင် ဦးလမိုင်ဂွမ်းဂျာက''အစိုးရဘက်က ပြီးခဲ့တဲ့လမှာ တစ်ကြိမ် KIOနဲ့တွေဆုံဖို့ကမ်းလှမ်းခဲ့ပါတယ်။အဲဒီကမ်းလှမ်းမှုအတွက်နေရာကမူဆယ်(သို့) နေပြည်တော် ဖြစ်ပါတယ်။ အဲဒီအခါမှာ KIO ဘက်က အခုလိုတိုက်ပွဲပြင်းထန်နေချိန် နေပြည်တော်မှာ တွေ့ဆုံဖို့ဆိုတာမဖြစ်နိုင်ဘူးလို့ အကြောင်းပြန်ခဲ့ ပါတယ်။အခုတစ်ခေါက် အစိုးရဘက်ကကမ်းလှမ်းလာတာက မူဆယ်(သို့)ရွှေလီမှာ တွေ့ဖို့ ကမ်းလှမ်း တာပါ။ ကျွန်တော်တို့ကို မိုင်ဂျာယန်မှာလုပ်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ ဦးအောင်မင်းက တပ်မတော် အကြီးအကဲတွေ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ ပါဝင်နိုင်ဖို့ ပြောထားပါတယ်။ ဒါ့ကြောင့် ဒီတစ်ကြိမ်မှာ တပ်မတော်အကြီးအကဲတွေရော၊KIA ဘက်က အကြီးအကဲတွေရော ဆွေးနွေးပွဲမှာ ပါဝင်ကြ လိမ့် မယ်လို့ သုံးသပ်ပါတယ်။ ဒီလအတွင်း ဆွေးနွေးပွဲလုပ်ဖြစ်မယ်လို့ သုံးသပ်ရပါတယ်'' ဟု ပြောကြား ခဲ့သည်။
အဓိက က တပ်မတော်က တာဝန်ရှိသူတွေနဲ့ KIA တပ်က တာဝန်ရှိသူတွေတွေ့ ဆုံ ဆွေးနွေး ဖို့လိုပါ တယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူက''အဖွဲ့အစည်းအချင်းချင်း စားပွဲခုံပေါ်မှာ ငြိမ်းချမ်းရေး 
ဆွေးနွေးတယ်။ အောက်ခြေမှာကတိုက်ပွဲက မရပ်ဘူး။ အစိုးရကပြောတဲ့ ခံစစ်အသွင်ပဲနေမယ်။ ထိုးစစ်မဆင် ဘူးဆိုတဲ့ အနေအထားကမဖြစ်နိုင်တဲ့ အနေအထားပါ။ဘယ်သူမဆိုတွေ့ရင်တော့ အရင်ဦးအောင် ပစ်ကြမှာပဲ။ အဲလိုနဲ့ တိုက်ပွဲတွေမရပ်ဘူးဖြစ်နေတာ။ အဓိက က တပ်မတော်က တာဝန်ရှိသူတွေနဲ့ KIA တပ်က တာဝန်ရှိသူတွေတွေ့ဆုံ ဆွေးနွေး ဖို့လိုပါတယ်။ အဓိကက တိုက်ပွဲကို ရပ်နိုင်အောင် အမိန့်ပေးနိုင်သူတွေ တွေ့ဆုံနိုင်ဖို့လိုပါတယ်''ဟု ပြောကြားခဲ့သည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်