Monday, October 15, 2012

ချစ်သူချင်းစကားများရာမှ ဓါးထိုးမှုဖြစ်

Posted by drmyochit Monday, October 15, 2012, under | 1 comment


အောက်တိုဘာလ (၁၁) ရက်နေ့မှာ ဦး.....(၄၁)နှစ်သည်အောင်မင်္ဂလာ အဝေးပြေးကားဝင်း အတွင်းမှာ ရှိနေစဉ် မွေးစားသမီး ဖြစ်သူ မ.....(၃၁)နှစ် ကို ဓါးထိုး ခံရကြောင်း ဇနီးဖြစ်သူ....က ဖုန်းဆက် အကြောင်း ကြား တဲ့ အတွက် နေအိမ်ကို ပြန်တဲ့အခါ သမီးဖြစ်သူမှာ သူ၏ ရည်းစားဖြစ်သူ ကို.....(စိစစ်ဆဲ) နဲ့ စကားနိုင် လုရင်း ကနေ စကားများပြီး အဖြူရောင် ကော်ရိုးတပ် အရိုးအသွား(၆)လက်မခန့်ရှိတဲ့ စတီးဓါးနဲ့ ထိုးတဲ့အ တွက်မ.......ရဲ့ ၀ဲပါးပြတ်ရှ၊ ကျောဝဲဘက် ထိုးသွင်း ဒဏ်ရာတို့ရပြီး သင်္ဃကျွန်း စံပြဆေးရုံမှာ အတွင်း လူနာ (စိုးရိမ်ရ) အဖြစ် ကုသရတဲ့ အတွက် ဖခင်ဖြစ်သူဦး.......ကတရား လိုပြုတိုင် တန်းထားကာ တ/ဥက္ကလာပ ရဲ စခန်းက (ပ) ၆၄၇/၁၂ ပုဒ်မ ၃၂၆ နဲ့ စုံစမ်းနေရာကနေ အောက်တိုဘာလ (၁၂) ရက်နေ့မှာ သေဆုံးသွားတဲ့ အတွက် ပုဒ်မ ၃၂၆ မှ ပုဒ်မ ၃၀၂ ကိုပြောင်းလဲ အမှုဖွင့်ပြီး အမှုကို ဆက်လက်စုံစမ်း နေတယ်လို့ သိရတယ်။

1 comments:

အချစ်ကြီး လို့အမျက်ကြီးတာလား

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်