ဘူးသီးတောင်တပ်ရင်းမှစစ်တွေမြို့၌ လုံခြုံရေးရယူရန် ယနေ့နံနက်ပိုင်းတွင် တပ်ရင်းများ
ရောက်ရှိနေသည်။ စစ်တွေမြို့တွင် လုံခြုံရေးထပ်မံတိုးမြင့်ချထားရန် ရောက်ရှိလာခြင်းဖြစ်
သည်ဟု ဒေသခံများထံက သိရသည်။ အထက်ပါကိစ္စနှင့်ပတ်သက်၍ “တချို့သတင်းတွေက ထွက်နေတယ်၊ ပြည်ထောင်စုက
လာတဲ့တပ်တွေ ဆိုပြီးတော့ အဲဒါ မဟုတ်ပါဘူး၊ ရခိုင်ပြည်နယ်ဘူးသီးတောင်မောင်တောက တပ်တွေပါ”ဟု
ရခိုင်ပြည်နယ် သတင်း ပြန်ကြားရေးနှင့် မှတ်တမ်းစုဆောင်းရေးဆပ်ကော်မတီ အတွင်းရေးမှူးဦးဝင်းမြိုင်
က ပြောသည်။ ရခိုင်ပြည်နယ်တွင် တည်ငြိမ်နေပြီဖြစ်သော်လည်း ရခိုင်နှင့် ဘင်္ဂလီ ဒုက္ခသည်များ
စစ်တွေမြို့သို့ ရောက်ရှိလာနေဆဲဖြစ်သည်။ “သဲခုံက ရခိုင်ဒုက္ခသည်တွေစစ်တွေမြို့ရွှေစေတီကျောင်းမှာ
ရောက်နေကြ တယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။ အလားတူ ပေါက်တောမြို့မှ ဘင်္ဂလီဒုက္ခသည်များမှာလည်း
စစ်တွေမြို့ ဘာဆာရာ(အုန်းတော) ပင်လယ်ကမ်းခြေတွင်ရောက် ရှိနေကြောင်း သိရသည်။ တာဝန်ကျ
ရဲတစ်ဦး၏ အဆိုအရ ဘင်္ဂလီများသည် စက်လှေများဖြင့် စစ်တွေသို့ ရောက်ရှိလာခြင်းဖြစ်ကြောင်းကိုလည်း
၎င်းတို့၏ ပြောဆိုမှု အရသိရသည်။
From: Myanmar Express
Time in Rangoon

0 comments:
Post a Comment